5.3

2.9K 190 3
                                    

<Unicode>
ရှောင်လင်းမေ ကြောက်လွန်းလို့ ဖျားပါဖျားနေတော့သည်။ ပါးစပ်ကနေလည်း ကြောက်တယ် ကြောက်တယ် ဆိုပြီးကယောင်ကတန်းအော်နေတော့သည်။

နှစ်ရက်ကြာပြီးနောက်

'host လင်ကို မကယ်တော့ဘူးလား'

'ကယ်မှာပေါ့နင်ကလည်း သူက သေတော့မှာမှ မဟုတာ ဆေးလေးမိနေတာကို အေးဆေးပေါ့'

'အေးဆေးမနေနဲ့ ဇာတ်လိုက်မက host လင်ကို ဆေးများများတိုက်ဖို့လုပ်နေတယ် အခုဖြေဆေးမတိုက်ရင် သူက တသက်လုံး
ရှောင်လင်းမေကိုဘဲ စွဲလမ်းနေတော့မှာနော်'

'ဘာ အစောကတည်းကပြောပါလား '

လင်အာလည်း မီးဖိုချောင်ဆီအမြန်သွားပြီး လိုအပ်တဲ့ဆေးပင်ယူကာ ကျိုလိုက်သည်။ဆေးရလာတော့ ရှောင်လင်းမေရဲ့အစေခံတယောက်ကိုခေါ်ပြီး မင်းကြီးဆီဆက်သခိုင်းလိုက်သည်။

ရှောင်လင်းမေရဲ့အစေခံလည်း လင်အာ ကိုကြောက်တာကြောင့် မင်းကြီးဆီဆေးကိုသေသေချာချာဆက်သလိုက်သည်။

မင်းကြီးဆေးသောက်ပြီးတော့ ခေါင်းတွေမူးလာကာ အော်ဟစ်နေတော့သည်။

"သမားတော်အမြန်ခေါ်ကြ"

မင်းကြီးဘေးမှာခစားနေတဲ့ ကုန်းကုန်းအော်လိုက်တော့ အစေခံတွေကလည်း သမားတော်အမြန်ပြေးခေါ်ကြသည်။

"ဒီဆေး ဆက်သတဲ့လူကို ဖမ်းထား ရာရာစစ မင်းကြီးကိုများဆေးခတ်ရဲရတယ်လို့ အတင်းရဲလိုက်တာ"

ရဲမက်တွေလည်း ကုန်းကုန်းအမိန့်ကြောင့် ရှောင်လင်းမေရဲ့အစေခံကို ဖမ်းထားလိုက်ကြသည်။

သမားတော် ‌စစ်ဆေးပြီး

" မင်းကြီးက ဘာမှမဖြစ်ပါဘူး"
"သေချာလို့လားသမားတော် ခုနက ဒီဆေးသောက်ပြီး မင်းကြီးက အော်ဟစ်နေတာ ခနကြာတော့ အိပ်ပျော်သွားတာဘဲ ဘာဖြစ်တာလဲ "

သမားတော်လည်း ဆေးခွက်ကို ယူကြည့်လိုက်ပြီး အနံ့ရှုကြည့်လိုက်သည်။

"ဒီဆေးက စွဲလမ်းစေတဲ့ဆေးကို ပယ်ဖျက်ပေးတဲ့ဆေးပါ ကုန်းကုန်းပြောတာကြည့်ရရင် မင်းကြီးကို တယောက်ယောက်က စွဲလမ်းစေတဲ့ဆေးတိုက်ထားတာကို  ဖြေဆေးပြန်တိုက်လိုက်လို့ဖြစ်ရတာပါ"

system 810 (Complete)Onde histórias criam vida. Descubra agora