5.2

2.9K 178 0
                                    

<Unicode>
' မင်း ဘယ်သူလဲ ဒါ ငါ့ host မဟုဘူး'

'ဘော ကို မဟု ရူးနေတာလား ချစ်ရိပ် '

'woo.. host ခုနက ဘာဖြစ်လို့ အစေခံကို သေမတတ်ရိုက်လိုက်တာလဲ'

'အရင်က ရန်လင်အာကို သနားလို့ သူ့ခများဟင်းကျန်တွေဘဲ စား‌ရတာ ဘယ်လောက်သနားဖို့ကောင်းဖို့လဲ အကုန်လုံးကလည်း သူ့ကို အနိုင်ကျင့်နေကြတာ အဆိုးဆုံးက ငါ့ကိုများ ဟင်းကျန်ကျွေးမယ်ဆိုလို့စိတ်တိုပြီးရိုက်လိုက်တာ နောက်ဆိုအကုန်လုံးကို ငါ ပြန်နှိပ်စက်ပြစ်မယ်'

' ဟုတယ် အရင်ကရန်လင်အာက သနားစရာကြီး မင်းကြီး ချစ်တုန်းကဆို အကုန်လုံးကသူ့အလိုတိုင်းဘဲ အကုန်လုံးပေါ်လည်းကောင်းပေးရက်နဲ့ ...အပယ်ခံကြင်ယာတော်ဖြစ်သွားတော့ အကုန်လုံးက သူ့ကို ဝိုင်းပြီးမကောင်းပြောကြတယ် တချို့ဆို ကိုယ်ထိလက်ရောက်ပါစော်ကားကြတယ် ရှောင်လင်းမေက ပိုဆိုးတယ် ..host ‌ရှောင်လင်းမေ လာနေပြီ'

' အော် ကောင်းတာပေါ့ တကူးတက သွားစရာမလိုတော့ဘူး'

လင်အာ ချစ်ရိပ်နဲ့စကားပြောနေတုန်း

"ဒုန်း"
တံခါးကိုကန်ဖွင့်သံကြားလိုက်ရသည်။

" ရိုင်းလိုက်တာ ဘယ်ခွေးကများ ငါ့အိပ်ဆောင်တံခါးကို ကန်ဖွင့်ရဲရတာလဲ!!!"

လင်အာ အော်လိုက်တော့ ဝင်လာတဲ့ ရှောင်လင်မေက နည်းနည်းကြောက်သွားပေမဲ့ သူ့မှာမင်းကြီးရှိတယ်ဆိုပြီး စိတ်ကိုပြန်ဖြေလိုက်သည်။

" အို ရန်ကြင်ယာတော် မဟုဘူး မဟုဘူး ရန်လင်အာ ပေါ့နော် မင်းကြီးဆီကအချစ်မခံရတော့ ရူးသွားပြီလား!! မင်းကြီးအချစ်တော်ကိုများအော်ရဲတယ်ပေါ့...လာကြစမ်း
ရန်လင်အာ ကို ကြိမ်ဒဏ်ပေးလိုက်ကြ!!!"

လင်အာကို ကြိမ်ဒဏ်ပေးဖို့တိုးလာတဲ့လူတွေကို လင်အာက ခနဲ့ပြုံး ပြုံးပြလိုက်ပြီး

"သေချင်ရင်ဆက်တိုးကြ"

ရဲမက်တွေလည်း ကော တယောက်က သူ့တို့ကိုဘာလုပ်နိုင်မှာလဲဆိုပြီး ရှေ့ဆက်တိုးလာကြသည်။

ရန်လင်အာလည်း ခုနက အစေခံကိုရိုက်ထားတဲ့ သွေးတွေနဲ့ကြာပွတ်ကို လက်မှာအဆင်သင့်ကိုင်ထားလိုက်သည်။

system 810 (Complete)Where stories live. Discover now