system space

2.9K 186 0
                                    

<Unicode>
လရိပ် space ထဲရောက်ပြီး 3 မိနစ်ကြာတော့ ချစ်ရိပ်လည်း space ထဲပေါ်လာသည်။

'ကြာသွားလား host '

'မကြာပါဘူး'

' mission တွေအောင်မြင်လို့ ဂုဏ်ယူပါတယ် အမှတ်တွက်ပေးပါမယ်

zombies ဖြစ်လာရတဲ့အကြောင်းရင်းကိုရှာပါ-point 1000
... လူသား‌တွေကို ကယ်တင်ပြီးသာယာတဲ့နိုင်ငံဖြစ်အောင်ပြန်ကြိုးစားပါ - point 500
...Kနဲ့ တွေ့ပါ-point 200
...ချစ်တဲ့သူနဲ့လက်ထပ်ပါ-point 300
စုစုပေါင်း point 2000 ရပါတယ် အရင်ကpoint 1900 နဲ့ပေါင်းရင် point 3900 ရှိပါပြီ သင်စရာရှိပါတယ်

အချက်အပြုတ်..ဆေးပညာ

တခုရွေးပါ '

'ဆေးပညာ'

'ပေါ်လာတဲ့တံခါးကနေဝင်သွားလိုက်ပါ'

လရိပ်လည်း ပေါ်လာတဲ့တံခါးကနေ ဝင်သွားလိုက်ပြီး ဆေးပညာ သွားသင်တော့သည်။

နှစ် 30 ကြာပြီးနောက် လရိပ်ပြန်လာလေသည်။

" ကိုယ်ရေးမှတ်တမ်းဇယားပြပါမယ်

အမည်- လရိပ်
အသက်-20
လိင်-ကျား
လိင်တိမ်းညွှတ်မှု-ကျား
ရရှိထားသောpoint-3900
ပြီးမြောက်သောကမ္ဘာ-4/10
တတ်မြောက်ထားသော ပညာရပ်- အတိုက်အခိုက်...သူနာပြု... စွမ်းအင်ထိန်းချုပ်ခြင်း...ဆေးပညာ"

' ဇာတ်ကြောင်းပြောအုံး'

'ဇာတ်ကြောင်းလွှဲပေးနေသည်
1%...2%..3%.....100%.. complete'

လရိပ် ဒီကမ္ဘာရဲ့ ဇာတ်ကြောင်းဖတ်ကြည့်လိုက်သည်။ဒီကမ္ဘာမှာ ထူးခြးတာ တခုက ယောက်ျား မိန်းမ အပြင် ကော ဆိုတဲ့အမျိုးလည်းရှိသည်။

ကောတွေက ယောက်ျားလေးဘဲ ဒါပေမဲ့ ကောတွေက ကလေးတွေမွေးနိုင်တယ် မိန်းကလေးတွေထပ်လည်း ပိုနူးညံ့တယ်

ကောတွေရဲ့ ကလေးမွေးဖွားနှုန်းကို
ကျူးရှားရစ် နဲ့ခွဲကြသည်။ ကျူးရှားရစ် အရောင်တောက်လေ ကလေးမွေးဖွားနှုန်းမြင့်လေဘဲ ကျူးရှားရစ်တွေက နဖူး ရင်ဘက်နဲ့ လက်ကောက်ဝတ်တွေမှာတွေ့ရသည်။

ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ဝမ်ရှောင်းယွမ် ဝမ်နိုင်ငံရဲ့ မင်းကြီး ဇာတ်လိုက်မကတော့ ပညာရေးဝန်ကြီးရဲ့သမီး ရှောင်လင်းမေ လရိပ်ဝင်မဲ့ကိုယ်ကတော့ ရန်လင်အာ ကော‌တယောက် ရန်အိမ်တော်ရဲ့အသဲအသက်လေး..

system 810 (Complete)Where stories live. Discover now