5.1 ရန်လင်အာ

3K 182 0
                                    

<Unicode>
လရိပ် ဒီကမ္ဘာကိုရောက်တော့ ရိုက်ခံထားရသလို နာကျင်နေတာကို ခံစားလိုက်ရသည်။

' ချစ်ရိပ် ရုပ်ရည်မြင့်တင်ပေးအုံး'

'ဟု ရုပ်ရည်မြင့်တင်နေပါသည်
1%..2%..3%..100%.. complete'

'host အဆင်ပြေပြီလား'

'ပြေပြီ'

' missionတွေပြောပြပါမယ်
..ကလေးမသေစေရန် point 300
...ရန်အိမ်တော်မပျက်စီးရန် point 200
...ရှောင်လင်းမေကို လူတွေမုန်းသွားအောင်လုပ်ရန် point 200
..ဝမ်ရှောင်းယွမ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရန် point 400'

'ကလေးမသေစေရန် ဆိုတော့ ငါက ကိုယ်ဝန်ရှိနေပြီလား'

'ရှိနေပါပြီ '

' ဟင်...ဇာတ်ကြောင်းကဘယ်ရောက်နေပြီလဲ'

' ဇာတ်လိုက်မက မင်းကြီးကိုဆေးများများခတ်ဖို့‌‌ပြောတာကို host ကကြားသွားပြီး ဇာတ်လိုက်မက မင်းကြီးကို ကုန်းတိုက်ထားလို့ မနေ့ညက နှိပ်စက်ခံထားရတာပါ'

'တွေ့ကြပြီပေါ့ ဇာတ်လိုက်မရာ ဟင်းဟင်း ငါ့လင်ကိုမှ ဆေးခတ်ရတယ်လို့'

' host ဖြေဆေးတိုက်လိုက်လေ host ဆေးပညာသင်ထားတာဘဲကို'

'ဖြေးဖြေးပေါ့ အခုတော့ အိပ်အုံးမယ် မိုးမလင်းသေးဘူး'

(လရိပ်ကို ရန်လင်အာ လို့ဘဲ‌သုံးတာ့မယ်နော်)
မ‌နက်ရောက်တော့

'host ထတော့ မနက်ရောက်နေပြီ'
'umm'

လင်အာ လည်း အိပ်ယာထ ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ မီးဖိုချောင်ကို ထွက်လာလိုက်သည်။

မီးဖိုချောင်သွားတဲ့လမ်းတွင်

" ဟဲ့ အဲ့ဒါအပယ်ခံကြင်ယာတော်မလား "
"ဟုပ မင်းကြီးရဲ့ ဂရုစိုက်မခံရတော့တဲ့ကြင်ယာတော်လေ"
" ဟဲ့ တိုးတိုးပြောအုံး ခနနေ ငိုနေအုံးမယ်"
"ဟား"²

အရင်က ရန်လင်အာဆို ဒီစကားတွေကြားရင် ငိုပြီးရှောင်ထွက်သွားမှာ ဒါပေမဲ့ သူကဘယ်သူလဲ လရိပ်လေ လရိပ်ကိုဒါမျိုးလာကျောလို့ဘယ်ရမလဲ

လရိပ်လည်း အဲ့ဒီအစေခံတွေဆီသွားလိုက်သည်။

" အဲယို့..ဘယ်သူတွေ‌ ဟောင်နေတာများလဲလို့ ရှောင်လင်းမေ ရဲ့ နောက်လိုက်ခွေးတွေဘဲ"

system 810 (Complete)حيث تعيش القصص. اكتشف الآن