(Zawgyi) Chapter 1

302 9 0
                                    


ည ၁၁နာရီဝန်းကျင်၊ ဘန်ကောက်မြို့။

မနက်မိုးလင်းတာနဲ့အလုပ်သွားဖို့ရှိတဲ့သူတွေအတွက်ကတော့ ဒီအချိန်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့အချိန်ရောက်ပြီပဲဖြစ်သည်။ ဒါပေမယ့်လည်း ချမ်းသာတဲ့ကလေးတွေအတွက်ကတော့ အခုကအပြင်ထွက်ပြီးအချင်းချင်းပျော်ပါးကြဖို့အချိန်ရောက်ပါပြီ။

တရားမ၀င်ကားပြိုင်ပွဲရဲ့‌ပြေးလမ်းဆီကနေကျယ်လောင်တဲ့ဆူညံသံတွေကထွက်ပေါ်နေပြီး....ပရိသတ်တွေကလည်း ကားပြိုင်ပွဲမှာအနိုင်ရရှိသွားတဲ့သူကိုအားပေးနေကြတာပဲဖြစ်တယ်လေ။

" ဝေါင်း သူကအရမ်းမိုက်တာပဲ! " ဆိုပြီးအော်လာခဲ့တဲ့ယောက်ကျေားလးတစ်ယောက်ရဲ့အသံနဲ့အတူ " ငါကြားမိတာကတော့ သူကအသက်၁၉နှစ်ပဲရှိသေးတာတဲ့...ဒါ့အပြင် နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ရဲ့သားဖြစ်ပြီးတော့ သူပြိုင်သမျှကားပြိုင်ပွဲတိုင်းမှာ ဘယ်သူကမှအနိုင်မယူနိုင်တဲ့ နံပတ်(၁) ကစားသမားတဲ့! " ဆိုပြီးတော့ တခြားယောက်ကျား‌လေးတစ်ယောက်ကပါ ၀င်ပြောလာတော့သည်။

သူတို့ကထောက်ခံကြောင်းခေါင်းငြိမ့်နေကြတဲ့အချိန်မှာပဲ....ကားက အဆုံးသတ်စည်းမှာရပ်လိုက်ပြီး မယုံနိုင်လောက်အောင်ရင်သပ်ရှူမောစရာကောင်းတဲ့ အရပ်ရှည်ရှည်နဲ့ယောက်ကျေားလးတစ်‌ယောက်ရဲ့သွင်ပြင်ကထွက်ပေါ်လာပါတော့သည်။

အခုဆိုရင် မိန်းကလေးတွေရော၊ ယောက်ကျေားလးတွေပါမကျန် အကုန်လုံးနီးပါးက သူဖြတ်သွားတဲ့အခါမှာ သူတို့ထဲကတစ်ယောက်လောက်ကိုများသတိထားမိသွားမလားဆိုပြီးမျှော်လင့်တကြီးနဲ့လိုက်ကြည့်နေကြတော့တယ်လေ။

ဒါပေမယ့်လည်းအဖြေကတော့ 'နိုး' ပါ...သူက သူ့သူငယ်ချင်းတွေဆီကိုပဲတည့်တည့်မတ်မတ်လျှောက်သွားခဲ့ပြီး တခြားသူတွေဘက်ကိုတော့ တစ်ချက်လေးတောင်စောင်းငဲ့မကြည့်လာခဲ့ဘူးလေ။

" ယေး! ငါတို့ရဲ့အဓိကဇာတ်ဆောင်ကြီး Mr. Fourth Nattawat Jirouchtikul ရောက်ရှိလာပါပြီ " ဆိုပြီးတော့ အဖွဲ့ထဲကသူငယ်ချင်း‌တစ်ယောက်ကပြုံးပြီးစလာခဲ့တော့သည်။

Salty Daddy And His Sugar Baby (Myanmar Translation)Where stories live. Discover now