( Unicode) Chapter 5

618 77 22
                                    




နေ့လည် ၁၂နာရီအချိန်ကြီးမှာ သတ်မှတ်အရှိန်ထက်ကိုကျော်လွန်စွာမောင်းနှင်နေတဲ့ကားအနောက်ကိုတော့ တာ၀န်ရှ်ိသူကလိုက်နေရပြီပဲဖြစ်သည်။

" ကားပေါ်ကနေဆင်းပေးပါဆရာ ကျွန်တော်တို့ပြောစရာရှိတယ် "

တာ၀န်ရှိသူကကားတံခါးကိုဖွင့်ကာပြောလာတော့
သည်။

" ကျေးဇူးပြုပြီးထွက်ခဲ့ပေးပါ " ဆိုပြီး တာ၀န်ရှိသူကထပ်ပြောလာခဲ့ပေမယ့်လည်း တစ်ဖက်လူကတော့နည်းနည်းလေးတောင်မှလှုပ်ရှားလာခဲ့ခြင်းမရှိဘူးလေ။

" ဆရာ , ကျွန်တော်ထပ်မပြောချင်ဘူးနော် "
တာ၀န်ရှိသူရဲ့သတိပေးသံစကားအဆုံးမှာတော့ Fourth မကျေမနပ်ဖြစ်နေတဲ့မျက်နှာထားနဲ့သာကားပေါ်ကနေဆင်းလိုက်ရတော့သည်။

" ဘာလို့ငါ့ကိုတားတာလဲ? " ဆိုပြီးသူလည်ချောင်းသံနဲ့ပြောလိုက်တဲ့အခါမှာတော့ " ကျေးဇူးပြုပြီးဒီကိုတစ်ချက်လောက်မှုတ်ပေးပါ " ဟုဆိုကာ အယ်လ်ကိုဟောသောက်ထားခြင်းရှိမရှိစမ်းသပ်တဲ့အရာကိုပေးလာတော့သည်။

" ငါမလုပ်နိုင်ဘူး "
သူမလုပ်နိုင်ကြောင်းပြန်ပြောပြီးတာနဲ့ ကားပေါ်ပြန်ထိုင်တော့ တာ၀န်ရှိသူနောက်တစ်ယောက်ကထပ်လာပြီး အရာရှိရဲ့နားထဲကိုတစ်ခုခုတိုးတိုးလေးပြောလာတော့သည်။

" ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ရဲစခန်းကိုလိုက်ခဲ့ပေးပါ " ဆိုတဲ့စကားသံနောက်မှာတော့ သူ ရဲစခန်းဆီခေါ်သွားခြင်းခံလိုက်ရပါတော့သည်။

" အရက်သောက်ထားပြီးတော့ကားမောင်းတာက တရားမ၀င်ဘူးဆိုတာကိုသိပါသလား Mr. Fourth Nattawat " ဆိုပြီး သူ့အရှေ့မှာထိုင်နေတဲ့တာ၀န်ရှိသူကမေးမြန်းလာပါတော့သည်။

" မင်းတို့ငါအရက်သောက်၊မသောက်ကိုစစ်ဆေးထားလို့လား? ငါမူးနေတယ်လို့ဘယ်လိုသိတာလဲ? " ဆိုပြီး
Fourth စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ပြောလိုက်တော့

" ကျွန်တော်တို့ မင်းကိုအာမခံပေးဖို့အတွက် မင်းအဖေကိုခေါ်ရပါလိမ့်မယ် "

" မလိုဘူး! ငါ့ကိုအာမခံပေးဖို့တခြားသူကိုပဲခေါ်ပေး " ဆိုပြီး အခုချိန်မှာသူ့ခေါင်းထဲပေါ်လာတဲ့တစ်ဦးတည်းသောသူရဲ့ဖုန်းနံပတ်ကိုသာပေးလိုက်တော့သည်။

Salty Daddy And His Sugar Baby (Myanmar Translation)Donde viven las historias. Descúbrelo ahora