(Unicode) Chapter 2

606 94 10
                                    



Cloud Bar ရဲ့ မန်နေဂျာဆီကနေ Gemini ရဲ့ ကိုယ်ရေးအကျဉ်းကိုရပြီးတာနဲ့ Fourth အိမ်ကိုသာပြန်လာလိုက်တော့သည်။ သူအိမ်ကိုပြန်ရောက်တော့ အိမ်ကမည်းမှောင်နေတာကိုတွေ့လိုက်ရတော့တယ်လေ.....သူပြန်လာတိုင်းမှာ ဘယ်သူကမှသူ့ကိုနှုတ်ဆက်လေ့မရှိသလို ဒီအရာကအိမ်ဆိုတဲ့ခံစားချက်ကိုလည်းသူမရရှိခဲ့ပါဘူး။ နောက်ဆုံးတော့ သူအခန်းထဲကိုသာတည့်တည့်လျှောက်သွားလိုက်ပြီး တံခါးပိတ်လိုက်ကာ Gemini ရဲ့ ကိုယ်ရေးအကျဉ်းကိုဖတ်ရင်းနဲ့ပဲ အိပ်ပျော်သွားတော့သည်။

                   
မနက် ၇ နာရီ

တီ တီ တီ

နှိုးစက်သံမြည်လာတာကြောင့် Fourth ညည်းတွားလိုက်မိတော့သည်။ ပြီးတာနဲ့ သူလက်ကိုဆန့်ထုတ်ပြီး နှိုးစက်ကိုပြန်ပိတ်ကာ ဆက်အိပ်နေလိုက်တော့သည်။

မနက် ၁၀ နာရီ

တီ တီ တီ

နောက်တစ်ခါနှိုးစက်သံကမြည်လာတာကြောင့် ဒီတစ်ခါမှာတော့အိပ်ရာကနေထပြီးနာရီကိုကြည့်လိုက်တော့ ဆယ်နာရီထိုးနေပြီဆိုတာကိုတွေ့လိုက်ရတော့တယ်လေ။

"သေတာပဲ! "

အခုတော့ သူရေချိုးဖို့အတွက် ရေချိုးခန်းထဲသာအမြန်ပြေးသွားလိုက်ရတော့သည်။ ဒါက နွေရာသီပိတ်ရက်အပြီးကျောင်းပြန်တက်ရမယ့်ပထမဆုံးနေ့ပဲဖြစ်တယ်လေ။

အကုန်လုံးပြင်ဆင်လို့ပြီးတာနဲ့ ‌တက္ကသိုလ်ကိုအမြန်သွားကာ အတန်းထဲကိုဘာမှမဖြစ်သလိုမျိုး၀င်သွားလိုက်တော့

" Fourth Nattawat! အခုကဘယ်အချိန်ရှိပြီလဲဆိုတာကိုရော မင်းသိသေးရဲ့လား? အတန်းကရှစ်နာရီစတာကို မင်းကဆယ်နာရီကျော်မှရောက်လာတယ်ပေါ့! " ဆိုပြီး ဆရာမက အတန်းရဲ့အလည်ခေါင်မှာ အနှောင့်အယှက်ကင်းမဲ့စွာနဲ့ရပ်နေတဲ့ Fourth ကို မေးလာခဲ့တော့သည်။

အခုဆိုရင် အတန်းထဲကကောင်မလေးတွေက ပြုံးစိစိလုပ်ပြီး တစ်ယောက်နဲ့တစ်ယောက်စကားတိုးတိုးလေးတွေပြောကုန်ကြပြီဖြစ်တယ်လေ။

ဒါပေမယ့် Fourth ကတော့ " ဒီရက်ပိုင်းထိုင်းမှာကားပိတ်တာက တအားဆိုးနေတာလေ....အခုဆိုရင် ကျောင်းကိုလာဖို့အတွက်နှစ်နာရီလောက်တောင်အချိန်ယူလိုက်ရတာ အံ့ဩစရာပဲ‌မလား? " လို့ပြန်ပြောကာ ဆရာမကိုပြုံးပြလိုက်တာကြောင့်

Salty Daddy And His Sugar Baby (Myanmar Translation)Where stories live. Discover now