(Unicode) Chapter 7

716 61 14
                                    


မနေ့ကဖြစ်ရပ်အတွက်နဲ့အခုချိန်မှာ Fourth လမ်းကောင်းကောင်းမလျှောက်နိုင်ဖြစ်နေတာကြောင့် Gemini သူ့ကိုကျောင်းအထိကားမောင်းပြီးလိုက်ပို့ပေးလိုက်ရတော့သည်။

" ကျောင်းဆင်းရင်ကိုယ်လာကြိုမယ် "
သူ Fourth ကို ကျောင်းဆင်းရင်သူပဲလာကြိုပေးမယ့်ဆိုတဲ့အကြောင်းကိုပြောလိုက်တော့သည်။

" ဟုတ်ကဲ့ Phi, ပြီးရင်တွေ့ကြမယ်နော် "
Fourth က ပြန်ဖြေလာခဲ့ကာ သူ့နှုတ်ခမ်းကိုပါတစ်ခါတည်းလှမ်းနမ်းလာခဲ့တော့တယ်လေ။ ပြီးတာနဲ့ သူတို့တစ်ယောက်နဲ့တစ်ယောက်ပြုံးကြည့်ကာ မကြာခင်မှာပဲ Fourth က ကားပေါ်ကနေဆင်းပြီးအတန်းဆီကိုသာလျှောက်သွားလိုက်တော့သည်။

အခုဆိုရင်လူတိုင်းကသူ့ကိုအံ့ဩတကြီးနဲ့လိုက်ကြည့်နေကြပြီး အဲ့အထဲမှာဆိုရင်သူ့သူငယ်ချင်းအုပ်စုကလည်းအပါအ၀င်ပဲဖြစ်သည်။

" မင်းတို့ကောင်တွေဘာကြည့်နေတာလဲ? "
လူတိုင်းရဲ့မျက်လုံးတွေကအခုထိသူ့ဆီကနေမခွာပဲလိုက်ကြည့်နေကြတာကြောင့်မေးလိုက်တော့သည်။

" ‌ဟျောင့်တွေ ငါဂယောင်ခြောက်ချားဖြစ်နေတာလား? "
Prom က စတင်ပြောဆိုလာခဲ့တော့တယ်လေ။

" ငါရောပဲ Fourth Nattawat ကျောင်းကိုအစောကြီးရောက်လာတာငါတစ်ခါမှမမြင်ဖူးသေးဘူး! "
Ford ကပါ ထောက်ခံကြောင်း၀င်ပြောလာခဲ့ပြန်သည်။

ဒါ့အပြင် တခြားသူတွေကပါအလိုတူအလိုပါအနေနဲ့ခေါင်းတွေငြိမ့်ပြလာခဲ့တာကြောင့် ငါ Prom ရဲ့ခေါင်းကိုသာပိတ်ရိုက်ပစ်လိုက်တော့တယ်လေ။

" အိုး! နာတယ်လို့! ဘာလို့ငါ့ခေါင်းကိုရိုက်တာလဲ? "
Prom က သူ့ခေါင်းကိုဖွဖွလေးပွတ်သပ်ရင်းကနေပြန်မေးလာတာကြောင့် သူခေါင်းကိုယမ်းပြီးတော့

" မင်းတို့ကောင်တွေဂယောင်ခြောက်ချားဖြစ်နေတာမဟုတ်ဘူး! အပိုတွေမလုပ်နဲ့တော့ စာပဲလုပ်ရအောင်! "
အကုန်လုံးကိုသူသတိပေးလိုက်ကာကာ လွယ်အိတ်ထဲကနေမှတ်စုစာအုပ်ကိုသာထုတ်ယူလိုက်တော့သည်။

ထိုအခါကျန်တဲ့သူတွေလည်းအများကြီးဆက်တွေးမနေကြတော့ပဲ ဆရာ၀င်လာခဲ့တာကြောင့်သင်ကြားရေးဘက်ကိုသာအာရုံပြန်ရောက်သွားခဲ့ကြတော့၏။

Salty Daddy And His Sugar Baby (Myanmar Translation)Waar verhalen tot leven komen. Ontdek het nu