(Unicode) Chapter 3

619 84 18
                                    


Night Time

ဒီနေ့လည်း Gemini ပုံမှန်အတိုင်းပဲအလုပ်ကိုလာခဲ့လိုက်တော့သည်။ အနက်ရောင်ရှပ်အင်္ကျီလက်ရှည်နဲ့ အနက်ရောင်ဘောင်းဘီရှည်ကို ပြောင်းလဲ၀တ်ဆင်ပြီးတာနဲ့အင်္ကျီလက်ကိုခေါက်တင်လိုက်ကာက သူ့ရဲ့ထင်ရှားတဲ့လက်ကသွေးကြောတွေကိုထုတ်ဖော်ပြသထားသလိုဖြစ်နေတော့သည်။ ယူနီဖောင်းကိုပြောင်းလဲ၀တ်ဆင်ပြီးတာနဲ့ အပြင်ကိုထွက်လာလိုက်ပေမယ့် ဒီနေ့မှာတော့ထူးထူးဆန်းဆန်း ဘားထဲမှာကာစတန်မာတွေရှိမနေခဲ့ဘူးလေ။

" ဒီနေ့ ဘာလို့ကာစတန်မာတွေမရှိရတာလဲ? " ဆိုပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကိုမေးလိုက်တော့

" ငါလည်းသေချာတော့မသိဘူး ဒါပေမယ့် မန်နေဂျာကငါတို့ကိုဒီ‌နေ့အနားယူလိုက်တော့တဲ့ ဒီနေရာတစ်ခုလုံးကိုငှားထားတဲ့သူရှိတယ်ပြောတယ် " လို့ပြောပြီးတာနဲ့ ပစ္စည်းတွေကိုသိမ်းဆည်းသွားတော့သည်။ Gemini လည်း ခေါင်းငြိမ့်ပြလိုက်ပြီးတော့ လိုအပ်တာတွေကိုပြင်ဆင်ရတော့တယ်လေ။

" Louis Martin တစ်ခွက်.....အထူးပါ၀င်ပစ္စည်းဖြစ်တဲ့ မင်းရဲ့နှလုံးသားလေးကိုပါထည့်ပြီးတော့ရနိုင်မလား? " ဆိုပြီးတော့ အသံတစ်ခုက ဘားထဲမှာဖွင့်ထားတဲ့ရိုမန့်တစ်သီချင်းသံကိုထိုးဖောက်ပြီး သူ့နားထဲကိုပဲ့တင်လာခဲ့တော့သည်။

" မင်းပဲထပ်ဖြစ်ပြန်ပြီ! "
Gemini သူ့ကိုမြင်ပြီး အသံကိုမြှင့်ကာပြောလိုက်တော့

" အင်း ကိုယ်ပဲလေ! ဘာလို့လဲ? မင်းကိုယ့်ကိုလွမ်းနေတာလား? " ဆိုပြီး Fourth က ပြုံးကာမေးလာတော့သည်။ ပြီးတာနဲ့ ခွေးပေါက်လေးတစ်ကောင်လိုမျက်လုံးလေးတွေနဲ့ သူ့ကိုကြည့်ရင်း အကြိမ်ပေါင်းများစွာမျက်တောင်ခတ်ပြလာတာကြောင့်.... Gemini သူ့ကိုစိတ်ကုန်တဲ့ပုံစံနဲ့သာပြန်ကြည့်လိုက်မိတော့တယ်လေ။

" ဒီနေ့ငါမင်းမှာတာကိုမလုပ်ပေးနိုင်တော့ဘူး ဘာလို့ဆို VIP ဖောက်သည်က ဒီနေရာတစ်ခုလုံးကိုငှားထားတာမလို့ပဲ....အဲ့တာကြောင့် ဟိုတံခါးကနေပြန်ထွက်သွားလို့ရပါပြီ " ဆိုပြီး Gemini တံခါးဘက်ကိုညွှန်ပြလိုက်တော့သည်။

Salty Daddy And His Sugar Baby (Myanmar Translation)Where stories live. Discover now