(Unicode) Chapter 6 🚨

1.3K 77 93
                                    


သတိပေးချက် : မသင့်တော်တဲ့စကားအသုံးအနှုန်းများ၊ လိင်ဆက်ဆံမှုအပိုင်းများပါ၀င်တာကြောင့် အသက် 18နှစ် မပြည့်သေးသူများဖတ်ရှုဖို့မသင့်တော်ပါ 🔞

_____________________________________________

အခုဆိုရင် သူတို့နှစ်ယောက်လုံးက တစ်နေကုန် Gemini ရဲ့တိုက်ခန်းမှာပဲအတူတူရှ်ိနေကြတာဖြစ်ပြီး ' Lie With Me ' ဆိုတဲ့ရုပ်ရှင်ကိုဆိုဖာပေါ်မှာထိုင်ကြည့်နေတာပဲဖြစ်သည်။

ခဏအကြာမှာတော့ Gemini က အကြွေး၀ယ်ကဒ်ကိုယူလာကာ Fourth ကိုပြန်ပေးလိုက်ပြီး
" ဒီမှာ မင်းကဒ်ကိုပြန်ယူလိုက် မနေ့ကမင်းကိုထုတ်ပေးဖို့အာမခံကြေးပဲသုံးထားတယ် " လို့ ပြောလိုက်ပေမယ့်လည်း Fourth ကတော့ သူ့ကိုဂရုမစိုက်သလိုလုပ်နေတော့တယ်လေ။

ဒါကြောင့်မလို့ သူ Fourth ရဲ့ လက်ဖဝါးကိုဖြန့်ပြီးကဒ်ကိုထည့်ပေးလိုက်ကာ
" မင်းလုပ်ပေးတာတွေတအားများနေပြီ။ ငါဒါကိုလက်မခံနိုင်ဘူး။ ဒါ့အပြင် ငါ့မှာမင်းကိုပြန်ဆပ်ဖို့အတွက်ဘာမှမရှိဘူး။ ငါ့ကိုဒီထက်ပိုပြီးအပြစ်ရှိသလိုခံစားရအောင်မလုပ်ပါနဲ့ Fourth "

" ကျွန်တော်ခင်ဗျားကိုပေးခဲ့တဲ့အရာတွေက တစ်ခုခုပြန်လိုချင်လို့လုပ်ခဲ့တာမဟုတ်ဘူး! " ဆိုပြီး Fourth ကြားဖြတ်ပြောလိုက်ကာ ရုပ်ရှင်ကိုသာဆက်ကြည့်နေလိုက်တော့သည်။ Gemini လည်း ဘာမှဆက်မပြောချင်တော့တာကြောင့် ကဒ်ကိုစားပွဲပေါ်မှာသာတင်ထားလိုက်တော့တယ်လေ။

သူပေါက်ပေါက်ဘူးကိုကိုင်ထားရင်း Fourth နဲ့အတူစားနေတုန်းမှာပဲ ရုပ်ရှင်ထဲကပြင်းရှရှဇာတ်၀င်ခန်းကတဖြည်းဖြည်းပြင်းထန်လာကာ ဇာတ်လိုက်တွေရဲ့ညည်းညူသံတွေကကြည့်ရှုသူတွေကိုပါစိတ်လှုပ်ရှားလာစေခဲ့တယ်လေ။

Gemini ပေါက်ပေါက်ကိုယူဖို့အတွက်လက်ကိုဆန့်လိုက်ပေမယ့် သူ့လိုပဲပေါက်ပေါက်ယူဖို့လုပ်နေတဲ့ Fourth ရဲ့လက်တွေနဲ့သွားဆုံကာ အခုဆိုရင်သူတို့ရဲ့လက်တွေကတစ်ယောက်နဲ့တစ်ယောက်ထိကပ်နေကြပြီပဲဖြစ်သည်။

" ပေါက်ပေါက်သွားယူလိုက်အုံးမယ် "
Gemini ချက်ချင်းပဲအမှောင်ထုထဲကိုဖြတ်လျှောက်ပြီး မီးဖိုချောင်ဆီထသွားလိုက်တော့သည်။ မီးဖိုချောင်ရဲ့မှိန်ပြပြအလင်းရောင်အောက်မှာပဲ သူပေါက်ပေါက်ထုတ်ကိုယူကာ မိုက်ခရိုဝေ့ဖ်ထဲထည့်လိုက်တော့တယ်လေ။ ရုပ်ရှင်ထဲကဇာတ်၀င်ခန်းတွေက အခုထိသူ့စိတ်ထဲမှာထပ်ခါထပ်ခါပေါ်လာနေတုန်းပဲ။

Salty Daddy And His Sugar Baby (Myanmar Translation)Where stories live. Discover now