ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-2)
''ဘယ်ကမိန်းမကို အိမ်ခေါ်လာတာလဲ ဓနမော်ကွန်း!..''
အဘိုးဖြစ်သူ ဦးမင်းထင်မော်ကွန်းက ဆိုဖာပေါ်က ကျုံကျုံလေး ထိုင်နေတဲ့ ကြွေရုပ်လွှာကို ကြည့်ပြီး မေးလာသည်။ အကြည့်တွေက လုံးဝအထင်သေးနေမှန်း သိသာလွန်းနေသည်။ ဓနမော်ကွန်းကတော့ ခပ်တည်တည်နဲ့ ကြွေရုပ်လက်ကို ဆတ်ခနဲ ဆွဲကာ.
''ကျုပ်ယူထားတဲ့ မိန်းမ''
''ဘာ!..မင်းမိန်းမ ဟုတ်လား၊ မင်း သူ့ကို ဘယ်လိုကြည့်ပြီး ရွေးချယ်လိုက်တာလဲ၊ ဘာလဲ ရုပ်လှလို့လား''
''တော်ပြီ ကျုပ် သူ့ကို ဘာလို့ ရွေးချယ်လိုက်ရလဲဆိုတာ သူနဲ့ကျုပ် နှစ်ယောက်တည်းပဲ သိတယ် ၊ ချောမှလှမှ ရွေးရမယ်ဆိုရင် ကျုပ်အသက်နှစ်ဆယ်ကတည်းက အိမ်ထောင်ကျပြီးပြီ''
''အေး အဲလိုအသက်လေးဆယ်ကျော်မှ ထဖောက်ရတဲ့ အကြောင်းကို ငါက မေးနေတာ၊ မင်းယူလိုက်တဲ့ မိန်းမကလည်း အသက်တောင် ပြည့်ရဲ့လားမသိဘူး''
သေးသွယ်ငယ်ရွယ်လွန်းတဲ့ ကြွေရုပ်လွှာကိုကြည့်ပြီး ဦးမင်းထင်မော်ကွန်းက ပြောလာသည်။ ရွှေရောင်မျက်မှန်ကိုင်းကို တကိုင်ကိုင်နဲ့ ကြွေကိုလည်း ခဏခဏ အကဲခတ်ကြည့်နေသည်။ သူတို့ရဲ့ အထင်သေးသလို အကြည့်စူးစူးတွေ ကြားမှာ ကြွေ နေမတတ်ဖြစ်ရသည်။
မနေ့ကတည်းက ကြွေရုပ်လွှာဟာ ဒီအိမ်ပေါ်သို့ ရောက်လာခဲ့သည်။ သူမ ရောက်လာတော့ ဦးဓန က အိမ်မှာမရှိ။ အခု မနက်စောစောမှ ဦးဓနကအိမ်ကို ပြန်ရောက်လာသည်။ ဦးဓနမော်ကွန်း အိမ်ပြန်ရလာတာနဲ့ အချိန်သိပ်မခြားဘဲ ဦးဓနမော်ကွန်းရဲ့ အဖိုး ဦးမင်းထင်မော်ကွန်းက ရောက်ချလာသည်။ မြေးဖြစ်သူရဲ့ သတင်းတွေကို ကြားကြားချင်း လိုက်လာတယ်နဲ့ တူပါတယ်။
''ဘာလို့ အဘိုးက အခုမှ လာပွားနေရတာလဲ၊ အဖိုးပဲ ခဏခဏ မိန်းမယူဖို့ ပြောနေတာမဟုတ်ဘူးလား''''မိန်းမယူဖို့ ပြောနေတာက မင်းလို အဆင့်အတန်းရှိပြီး မင်းနဲ့ ရွယ်တူမိန်းမမျိုးကို ပြောတာ၊ အခုလို ဘယ်ကမှန်းမသိ ကိုယ့်သမီးအရွယ် ကလေးကိုယူဖို့ ပြောတာမဟုတ်ဘူး..၊ ဟေ့ ကောင်မလေး..''
YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။