Part 4

33.3K 247 4
                                    

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-4)

မနက်မိုးလင်းတော့ အိပ်ရာလေးပေါ် ကြွေရုပ်လွှာက မရှိတော့ပေ။ ဘယ်များ ထွက်သွားတာလဲ နေများ ကောင်းသွားပြီလား..သက်ရော သက်သာရဲ့လား..။ ဟုတ်သားပဲ သူ ​ဆေးထွက်ဝယ်ပေးရဦးမှာပဲ ။

လူပျိုကြီး မိန်းမရတော့ နွားသိုးကြိုးပြတ်ဆိုတဲ့စကားက ဓနမော်ကွန်းအတွက်များလား သွေးထွက်အောင် မှန်နေသည် ။

အောက်ထပ်ကို ဆင်းလာတော့ မီးဖိုခန်းလေးထဲ  အသံစာစာလေးကို အစ ကြားလိုက်ရသည်။ ဘာလဲ ထမင်းဟင်းချက်နေတာလား။ မီးဖိုခန်းထဲ ဝင်ကြည့်လိုက်တော့ အိမ်မှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားခေါင်းဆောင်နဲ့တောင် ရင်းနှီးကျွမ်းဝင်နေပြီး ရယ်မောပြောဆို​​နေသည်။

ကိုယ်ကတော့ ဒီအိမ်​ကြီးရဲ့ သခင်မတစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မလုပ်စေချင်။ သူမကတော့ ဟင်းချက်နေလို့ ပျော်နေတဲ့ မျက်နှာလေးကို ကြည့်ရုံနဲ့ သိသာသည်။

'' ကြွေရုပ်လွှာ''

အနောက်ကနေ ခေါ်သံကြောင့် ကြွေရုပ်လွှာ ဆတ်ခနဲ ဖြစ်သွားသည်။ ဒီအသံကြီးက ဦးဓနမော်ကွန်းမလား..။ သူ.. အိပ်ရာက နိုးပြီလား ။

''သူဌေးကြီး သမီးကို ခေါ်နေတယ် သွားလိုက်လေ''

''ဟုတ် ဟုတ်ကဲ့''

မီးဖိုချောင်ကနေ ခပ်ကုတ်ကုတ်လေး ထွက်သွားပြီး ဦးဓနအနား သွားရပ်လိုက်သည်။

''ဘာလုပ်နေတာလဲ''

''ကြီးမော်တို့နဲ့ ဟင်းချက်ကူနေတာပါ''

'' ဘယ်အချိန်ထလဲ''

''နည်းနည်းလေးတော့ ကြာပါပြီ''

''ဘယ်နှစ်နာရီလဲ အတိအကျပြော ''

''ငါးနာရီခွဲပါ''

''ဘာ!.. ဘယ်လို ငါးနာရီခွဲဟုတ်လား''

''ဟုတ်..ဟုတ်''

ညကလည်း ညနက်မှ အိပ်ရတာ မနက်စောစော ငါးနာရီခွဲတောင် ထလိုက်သေးတယ်တဲ့။ အိပ်ချိန်အပြည့်အဝတောင် ရလိုက်ရဲ့လားမသိ။

'' နောက်တစ်ခါ အဲလို အစောထစရာမလိုဘူး ကြားလား''

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼Where stories live. Discover now