Part 8

27.9K 174 3
                                    

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-8)

'' အားလုံးပဲ''

စည်သူက အလုပ်သမားတွေအားလုံးကို စုဝေးဖို့ပြောလိုက်ပြီး..

''အပေါ်မှာ သခင်မလေး ခေါင်းကိုက်လို့ အိပ်နေတယ်၊ ဒါကြောင့် အနားယူဖို့လိုတယ်၊ ဆရာဝန်ကိုလည်း ခေါ်ထားပြီးပြီ၊ အရမ်းကြီး နေမကောင်းတာမျိုး မဟုတ်လို့ သူဌေးကြီးကို သတင်းပြန်မပို့ဖို့ သခင်မလေးက သတိပေးထားတယ်၊ ဒါကြောင့် အလုပ်သမားတွေအားလုံး အလုပ်သမားတန်းလျားကို ပြန်ဖို့ အမိန့်ပေးလိုက်တယ်၊ သူအေးအေးဆေးဆေး နားချင်လို့ ဘာတစ်ခုမှ မနှောက်ယှက်ဖို့ တကယ်လို့ သူ့ အိပ်ရာက နိုးသွားရရင် အားလုံး အလုပ်ထုတ်ပစ်မယ်လို့လည်း မှာလိုက်တယ်''

ကြွေရုပ်လွှာက ဒီလိုမှာထားတယ်ဆိုတဲ့ အကြောင်း စည်သူက ပိုပိုလိုလို ပြောလိုက်တော့အားလုံးက အလုပ်ထုတ်ခံရမှာ သေမလောက်ကြောက်နေကြတဲ့သူဆိုတော့ အားလုံးက ဖင်တုန်အောင် အလုပ်သမားတန်းလျားဆီသို့ ပြေးသွားကြသည်။ အလုပ်သမားတွေ အများကြီးရှင်းလင်းသွားတော့ အနောက်ကနေ ပုန်းနေတဲ့ ကြွေရုပ်လွှာက ထွက်လာပြီး..

''တော်လိုက်တာ ဒါနဲ့ သူတို့က ငါ့ကိုဆို အရင်ကတည်းက ရှိန်ချင်နေကြတာ၊ နင် ဒီလိုပြောတော့ ငါကလူဆိုးမကြီး ဖြစ်သွားတာပေါ့''

''ဒါက အရေးကြီးလို့လား သွားကြမယ်၊  ၁နာရီပဲ အချိန်ရမှာနော်၊ အဲဒီထက် ကြာရင် အားလုံးဖမ်းမိလိမ့်မယ်၊ အခုလို အလုပ်သမားတွေ အများကြီးကို လိမ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး၊ တစ်ယောက်ယောက်​ကနေ သူဌေးကြီးကို သတင်းပို့ရင် အားလုံးသွားပြီပဲ သဘောပေါက်လား ''

''သိပါတယ် အရမ်းဆရာလုပ်တာပဲ ငါကလည်း ရေခဲမုန့်စားပြီး အိမ်ပြန်မလို့ပါ သွားမယ် သွားမယ်''

ကြွေရုပ်နဲ့ စည်သူက အိမ်ကနေ တိတ်တိတ်လေး ခိုးထွက်ကြသည်။ လမ်းထိပ်မှာ ရှိတဲ့ ရေခဲမုန့်ဆိုင်သို့ ရောက်တော့ ချောကလက်ရေခဲမုန့်ကို မှာယူပြီး ပျော်ပျော်ရွှင်ရွှင် စားနေတဲ့ ကြွေရုပ်လွှာကို ကြည့်ပြီး ဘာမဆို အလိုလိုက်ချင်လာသည်။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼Where stories live. Discover now