Chapter (1)

1.7K 147 28
                                    


Unicode

"မသွားပါနဲ့...အဲ့ဒီနေရာကို မသွားပါနဲ့"

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်ငြား
ရုန်းကန်နေရပါ‌သော သူမအခြေအနေ...

တုန်ရီနေတဲ့ခြေလက်များနဲ့ ခန္ဓာကိုယ်တစ်လျှောက်ရွှဲစိုနေတဲ့ ချွေးစက်များဟာ သူမအဆင်ပြေမနေသော သက်သေပင်။

"အား"ဆိုတဲ့ ခပ်ကျယ်ကျယ်အော်သံနှင့်အတူ

အိပ်နေရာက ငေါက်ကနဲ ထထိုင်မိသည်အထိ
အိပ်မက်ဆိုးထဲက လွတ်မြောက်ချင်နေသော သူမ...။

"ရူဘီ...အိပ်မက်ဆိုးတွေမက်ပြန်ပြီလား"

စိုးရိမ်တကြီးမေးလာရှာတဲ့ မိခင်ဖြစ်သူကိုသာ အားကိုးတကြီး ဖက်တွယ်ထားမိသည်။ လွတ်မြောက်ချင်ပြီ။ဒီအိပ်မက်ဆိုးတွေထဲက
လွတ်မြောက်ချင်လှပြီ။

"ရူဘီကြောက်တယ် အမေ"

လူမှန်းသိတတ်စ အရွယ်ကတည်းက ဒီအိပ်မက်ဆိုးဟာ ရူဘီ့နောက်ကို အရိပ်မဲကြီးလို လိုက်လို့နေတာ နှစ်ပေါင်းလည်းမနည်းတော့...နည်းအမျိုးမျိုးနဲ့ အဖြေရှာကြည့်ခဲ့ပင်မဲ့ ရေရာတဲ့ အဖြေရယ်လို့ ရှာမတွေ့ပါပဲ ရူဘီ့စိတ်အခြေအနေသာ ပိုဆိုးလာခဲ့သည်။

"မ‌မလေးကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်"

ရုံးခန်းထဲဝင်ဝင်ချင်း ကြိုရောက်နေတဲ့ အတွင်းရေးမှူးမလေးစကားကြောင့် နောက်ကျိကျိဖြစ်နေတဲ့ ခေါင်းက ကြည်လင်စပြုစလာသည်။ ရူဘီမျှော်နေတဲ့ သတင်းကောင်းများ ဖြစ်မလားဆိုတဲ့အသိကြောင့် တစ်ဖန်စိတ်လှုပ်ရှားရပြန်သည်။

"Manoban Groupရဲ့ စီအီးအိုက ကျွန်မတို့ ကုမ္ပဏီနဲ့ လက်တွဲဖို့ကို သဘောတူလိုက်ပြီ... မမလေးကတကယ်တော်တာပဲနော် ဥက္ကဠကြီးတောင်  မလုပ်နိုင်ခဲ့တဲ့အရာကို စီအိုးအိုရာထူး လွှဲပြောင်းပြီး မကြာခင်မှာပဲ လုပ်နိုင်သွားပြီ"

ဟုတ်ပါရဲ့...သူပြောလည်းပြောချင်စရာ
အဖေက သူဌေးကြီးမန်နိုဘန်တို့နဲ့ ပူးပေါင်းရဖို့အရေး ကမ်းလှမ်းလိုက်တိုင်းမှာ ဟိုဖက်က
ငြင်းတာခံခဲ့ရတာချည်းသာ။

Until I found you Место, где живут истории. Откройте их для себя