Unicode
"ကင်မ်တစ်ယောက် ဘယ်များသွားပါလိမ့်"
နိုးလာကတည်းက ပျောက်နေတဲ့ ကင်မ်နဲ့မင်ဂျီကို တစ်အိမ်လုံး အနှံ့လိုက်ရှာကြည့်ပင်မဲ့ လူမောတာသာ အဖက်တင်သည်။ နှစ်ယောက်လုံးကို ဘယ်မှာမှရှာလို့မတွေ့။
"ညီမ ဂျဲန်းနီ" ခြံဝက ဘဲလ်တီးသံကြောင့် အပြင်ကိုထွက်ပြီး ခြံတံခါးဖွင့်ပေးလိုက်တော့...
"ညီမဂျဲန်းနီပြောတဲ့ ဧည့်သည်ဆိုတာထင်တယ်"
ချိုချိုသာသာ နှုတ်ဆက်လာတဲ့ ထိုအမျိုးသား
ဘာလဲ ဒီလူဟာလည်း ကင်မ့်အပေါ် ပြိုနေသူတွေထဲက တစ်ယောက်ပဲလား။"ဟုတ်ပါတယ်...ဒါနဲ့ ဘာကိစ္စများရှိလို့ပါလဲ"
"အော်...ဟိုဟာ ညီမဂျဲန်းနီကို ပေးစရာပစ္စည်းလေးရှိလို့ပါ...ညီမဂျဲန်းနီရောဟင်"
"သူ အိမ်မှာမရှိဘူးရှင့်"
အရေးကြီးနေပုံရတဲ့ ထိုအမျိုးသားဟာ ကင်မ်မရှိမှန်းသိတော့ မျက်နှာကြီးကို ရှုံ့မဲ့သွားသည်။
သူတစ်ယောက်ထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ရှုပ်ထွေးနေဟန်။"ဒါဖြင့်လည်း ကျွန်တော် အိမ်ပြန်လိုက်ပါဦးမယ်
မိန်းကလေး""အရေးကြီးတယ်ဆိုရင်လည်း အဲ့ပစ္စည်းကို ထားခဲ့လေ...သူပြန်လာရင် ကျွန်မပေးလိုက်ပါ့မယ်"
ပေးရမလို မပေးရမလို ပေးချင်တာလိုလို မပေးချင်တာလိုလို ဖြစ်နေတဲ့ သူ့အမူအရာကြောင့်
အဇယ်လိီယာကပဲ ပါးနပ်စွာ..."ကျွန်မကို မယုံလို့မထားခဲ့ချင်လည်း ရပါတယ်"
"အို...မဟုတ်တာပဲ ဧည့်သည်မိန်းကလေးကို ကျွန်တော်ယုံပါတယ် ဒိီမှာစာအိတ်...ကျွန်တော့်ကို ခွင့်ပြုပါဦး"
"ကောင်းပါပြီ" လို့ ဖြေနေရင်းက နှုတ်ခမ်းစွန်းလေးကွေးသွားရုံ ပြုံးမိသည်။ တစ်ချို့များကျတော့လည်း ကင်မ့်လိုမဟုတ်ဘဲ ပြောရသိပ်လွယ်သားလို့။
♪♪♪
"ဘာလို့ အပင်တွေကို ရေလောင်းနေရတာလဲ
ပရီယာရယ်...ဒါတွေက မင်းအလုပ်မှ မဟုတ်တာ"
![](https://img.wattpad.com/cover/348019633-288-k623542.jpg)
YOU ARE READING
Until I found you
Fanfictionအခု ဇာတ်လမ်းလေးက ၁၉၄၅ခုနှစ်လောက်က (စိတ်ကူးယဉ်)ဇတ်လမ်းလေးပါ။ အုပ်ချုပ်သူနယ်ချဲ့အသိုင်းအဝိုင်းထဲက အမျိုးသမီးလေးနဲ့ ဖိနှိပ်ခံလူတန်းစားထဲက အမျိုးသမီးနှစ်ယောက်ရဲ့ အကြောင်းလေးပေါ့နော်။အပြင်က ကိုရီးယားနိုင်ငံရဲ့ သမိုင်းကြောင်းတွေနဲ့တော့ လုံးဝမဆိုင်ပါဘူးလို...