Chapter (2)

603 114 22
                                    

Unicode

"မင်းကြည့်ရတာ ကိုရီးယားလူမျိုးတော့ မဟုတ်ဘူးထင်တယ်"

ကင်မ်ဟာ အဇယ်လီယာ့ကို ခေါင်းအစခြေအဆုံး ခြုံငုံကြည့်ရာက ပြောသည်မို့...

" ကျွန်မက...ထိုင်းကပါ"

သူတစ်ပါးကို လိမ်ညာတာ မကောင်းမှန် သိပင်မဲ့
ဒီလိုမှ မပြောရင်လည်း ကင်မ်နဲ့ ရင်းနှီးဖို့ရာ လမ်းမမြင်။

"ကိုရီးယားစကားပြောတာတော့ တကယ့်နိုင်ငံသားလိုပဲ"

ကင်မ်တစ်ယောက် သူ့ဟာသူ မှတ်ချက်ပေးနေတာဖြစ်ပင်မဲ့ ကြားလိုက်ရတဲ့ အဇယ်လီယာ့ဖို့ကတော့ ဂုဏ်ယူစရာပင်။

"ပြောတတ်ဆို သုံးနှစ်တောင် လေ့လာလိုက်စားခဲ့ရတာကို"

"သိပြီမို့ တို့ကိုသွားခွင့်ပြုဦး"

အဇယ်လီယာ ကင်မ့်ကိုသွားခွင့်ပေးချင်ပါရဲ့
ဒါပေမဲ့ ကင်မ်ထွက်သွားရင် နောက်တစ်ခါ ပြန်ဆုံရဖို့ဆိုတာလည်း လွယ်တော့မယ်မထင်။

"ကျွန်မကို ကူညီပါ ကင်မ်.."

"ကင်မ်ဂျဲန်းနီပါ"

"သိပါတယ် ကင်မ်လို့ပဲ ခေါ်ချင်လို့ ခေါ်လိုက်ရုံပါ"

"တို့ခွင့်ပြုချက် မပါဘဲနဲ့လား"

"ဒါဖြင့် အခုပဲခွင့်ပြုပေးလိုက်တော့လေ"

သူမ ခွင့်မပြုမခြင်း အဇယ်လီယာကတောင်းဆိုနေမယ်ဆိုတာကို ကြိုသိလို့များလားမသိပါ..ကင်မ်ဟာခေါင်းကို နှစ်ကြိမ်လောက် ဘယ်ညာယိမ်းလိုက်ရင်း...

"မင်းက တစ်မျိုးပဲ ပရီယာ"

ကင်မ့်အမြင်မှာ အဇယ်လီယာက ထူးဆန်းနေသလို အဇယ်လီယာ့အမြင်မှာလည်း ကင်မ်ဟာချစ်စရာရယ်။

"ကဲ ပြောပါ..တို့ဘာကူညီပေးရမလဲ"

"ကျွန်မ ကင်မ့်အိမ်မှာလိုက်တည်းချင်လို့.."

"မင်းကအကူညီတောင်းနေတာလား မင်းဖြစ်ချင်တာကို ပြောပြနေတာလား ပရီယာ"

"ဒီတိုင်း ကူညီလို့မရဘူးလား ကင်မ်"

"မင်းက မိန်းကလေးတစ်ယောက်မို့ ခေါ်ထားဖို့ရာ
တို့အတွက် မခက်ခဲလှပါဘူး...ဒါပေမဲ့ တို့နှစ်ယောက်က သူစိမ်းတွေလေ ပရီယာ"

Until I found you Where stories live. Discover now