Unicode
"ညီမဂျဲန်းနီရှိတယ်မလား မင်ဂျီ"
အိမ်ထဲတာနဲ့ ထိုအမျိုးသားအကြည့်တို့ဟာ
အပေါ်ထက်က ကင်မ်ရှိရာကိုသာ...ကင်မ်မိတ်ဆက်ပေးလို့ ထိုလူကို အကြမ်းဖျင်းမျှ သိပင်မဲ့ စိတ်ထဲကနေတော့ အဲ့ဒီလူကိုနည်းနည်းမှ ဘဝင်မတွေ့ချင်။
"အစ်ကိုထယ်ဂူ ဘာကိစ္စများရှိလို့လဲ"
ဧည့်ခန်းက ကင်မ့်အသံကို အတိုင်းသားကြားနေရသလို တစ်ဖက်က အမျိုးသားရဲ့ အဖြေကိုလည်း အဇယ်လီယာနားစွင့်မိသည်။ ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်မှန်းသိပင်မဲ့ပေါ့။
"ပြောစရာက နှစ်ခုရှိတယ် ညီမရဲ့ တစ်ခုကတော့
အန်တီ(ဂျဲန်းနီအမေဖြစ်သူ)နေမကောင်းဖြစ်နေတယ်တဲ့ နောက်တစ်ချက်ကတော့..."အသံဟာ တိတ်ဆိတ်လို့ သွားသည်နှင့် အဇယ်လီယာ သဘောပေါက်သွားခဲ့ပြီ။
"မင်ဂျီ...ငါနဲ့အတူ မြို့ထဲက ဈေးတန်းကို ခဏသွားရအောင်...ဒီနေ့ ငါဝယ်စရာလေးတွေ ရှိလို့.."
ထိုသို့ပဲ မထုံတတ်တေး မင်ဂျီလေးကို အပါခေါ်လို့ မြို့ထဲကို ထွက်လာခဲ့ရတယ်။ အိမ်တစ်အိမ်ထဲမှာယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူရှိနေကြမှာပါလားဆိုတဲ့ အသိမှာ ရင်ထဲ ပူလောင်မိသွားပင်မဲ့ ကင်မ်ဟာ သာမန်မိန်းမမှ မဟုတ်တာလို့ ကိုယ့်စိတ်ကိုယ်ဖြေရင်း စိတ်မပါလက်မပါနဲ့ ဈေးဝယ်နေရတဲ့ ကိုယ့်အဖြစ်လောက် သနားစရာကောင်းတဲ့အဖြစ်က ရှိလေဦးမလား။
"ညီမပြောပါတယ်...သူက မိန်းမကောင်းလေးပါလို့ ပြီးတော့ ပညာရှိဆန်တယ် ကြည့်ပါလား ခုလည်း ကျွန်မတို့ကြောင့် သူထွက်သွားပေးတာရယ်"
သူတို့ရှေ့ကနေ ထွက်သွားကြတဲ့ မင်ဂျီနဲ့ အဇယ်လီယာ့ကို ကြည့်ရင်း ကင်မ်က ခပ်တိုးတိုးဆိုသည်။
တစ်ဖက်သားကို ချီးကျူးနေတဲ့ ကင်မ့်အပြုံးတွေဟာ သာမန်ထက်လွန်ကဲနေတယ်လို့ ခံစားနေရတဲ့ ထို အမျိုးသားအဖို့တော့ အဇယ်လီယာဆိုသော မိန်းကလေးက အာရုံနောက်စရာတစ်ခုသာ။
"အစ်ကိုသိပါတယ်...အစ်ကိုပြောစရာရှိတာကို
ပြောရဦးမယ်........"•
![](https://img.wattpad.com/cover/348019633-288-k623542.jpg)
YOU ARE READING
Until I found you
Fanfictionအခု ဇာတ်လမ်းလေးက ၁၉၄၅ခုနှစ်လောက်က (စိတ်ကူးယဉ်)ဇတ်လမ်းလေးပါ။ အုပ်ချုပ်သူနယ်ချဲ့အသိုင်းအဝိုင်းထဲက အမျိုးသမီးလေးနဲ့ ဖိနှိပ်ခံလူတန်းစားထဲက အမျိုးသမီးနှစ်ယောက်ရဲ့ အကြောင်းလေးပေါ့နော်။အပြင်က ကိုရီးယားနိုင်ငံရဲ့ သမိုင်းကြောင်းတွေနဲ့တော့ လုံးဝမဆိုင်ပါဘူးလို...