Chapter (5)

569 84 11
                                    

Unicode


"မင်း ဘာလာလုပ်ပြန်တာလဲ အဇယ်လီယာ"

လက်ဆွဲအိတ်ကလေးတစ်လုံးနဲ့အတူ ခြံရှေ့ရောက်နေတဲ့ ထိုမိန်းကလေးကို ကင်မ်က
စိမ်းသက်သက်လေသံနဲ့မေးလိုက်တော့
သူ့မျက်နှာလေးမယ် ညှိုးလို့ရယ်။

"ကင်မ်ရယ်...ကျွန်မမှ ကင်မ်နဲ့ဝေးရာမှာ
မနေနိုင်တာ"

"စကားကို ဘယ်လိုအဓိပ္ပာယ်ရောက်အောင် ပြောနေတာလဲ အဇယ်လီယာ မင်းပြောနေတာတွေကိုကော မင်းနားလည်ရဲ့လား"

ဒေါသဟန်တော့မပါပင်မဲ့ ကင်မ်အသံဟာ ခပ်မာမာ။ဒီလိုအပြောတွေကို ကင်မ်က မနှစ်မြို့လေသလား မသိပါ။

"နားလည်လို့ပြောတာပေါ့ ကင်မ်ရယ်...ဒါနဲ့ ကျွန်မကို အိမ်ထဲပေးမဝင်တော့ဘူးလား"

"ခြံတံခါးဖွင့်မပေးနဲ့ မင်ဂျီ"

အဇယ်လီယာ့ကို အိမ်ထဲဝင်ခိုင်းဖို့ရာ သော့ဖွင့်နေတဲ့ မင်ဂျီဟာ ကင်မ်တားလိုက်တာနဲ့ တံခါးကို သော့ပြန်ခတ်လိုက်ရသည်။

"မင်းက ဘာဆိုတာ မင်းကိုယ်မင်း သိနေတာပဲ
တို့မင်းနဲ့ မပတ်သတ်ချင်ဘူး အဇယ်လီယာ
ဒါကြောင့်မို့ မင်းပြန်ပါ"

ကင်မ်ဒီလို နှင်လွှတ်လိမ့်မယ်လို့ အဇယ်လီယာထင်ပြီးသားပါ။ဒါတောင်မနေနိုင်တဲ့ စိတ်ကြောင့်
လက်ခံပေးကောင်းပါရဲ့ဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးနဲ့ ထွက်လာခဲ့‌တာ။ အခုတော့ဖြင့်
သောင်ပြင်မှာ လွတ်နေတဲ့ ခွေးတစ်ကောင်လို
နေစရာနေရာ မရှိတဲ့အဖြစ်ကို ရောက်ရတော့မည်။

"ဟေ့...ချာတိတ် ဒီမှာဘာထိုင်လုပ်နေတာလဲ"

ကင်မ့်အရွယ် အမျိုးသမီးတစ်ယောက်ဟာ
အဇယ်လီယာထိုင်နေတဲ့ ပလတ်ဖောင်းနားကိုရောက်လာကာမေးသည်။ ကင်မ့်ကိုသာ အရင်မမြင်ဖူးခဲ့သည်ရှိသော် မျက်စိရှေ့က ထိုမိန်းမသည် အဇယ်လီယာ မြင်ဖူးခဲ့သမျှ မိန်းမတွေထဲ အလှဆုံးဖြစ်မည်။

"ကျွန်မ ဘယ်သွားရမှန်းမသိ ဖြစ်နေလို့ပါ မဒမ်"

"ဒါဖြင့် ကိုယ်နဲ့လိုက်ခဲ့...ဒီလိုခေတ်ပျက်ကြီးထဲမှာ မိန်းကလေးတစ်ယောက်ထဲ အခုလို မနေသင့်ဘူး"

Until I found you Unde poveștirile trăiesc. Descoperă acum