အပိုင်း (၂) လှည်းကျိုးထမ်း နယ်စားမင်း

1.6K 27 0
                                    

လွန်ခဲ့သော ၈နှစ်ခန့်က ...တောစပ်တွင် ကျေးဌက်သံလေးများ စိုးစိုးစိစိကြားနေရသည်။ ရာသီဥတုက တဖြည်းဖြည်း ပူနွေးလာလေပြီ၊

လေပူတွေတိုက်လာပြီ ဆိုတာနဲ့ နွေရာသီရောက်တော့မယ်ဆိုတာကို ကြေငြာလိုက်သလိုပါပဲ

ပင်စည်တုတ်သော သစ်ပင်ကြီးတစ်ခု၏ သစ်ကိုင်းထက်တွင် ဝဒီရာတစ်ယောက် ခြေကုတ်ခိုင်ခိုင်ယူလျှက် ဆောင့်ကြောင့်ထိုင်နေသည်။

ထိုစဉ်က ဝဒီရာမှာ ၁၆နှစ်အရွယ် နုနယ်ပျိုမြစ်သော မိန်းမငယ်လေးတစ်ဦးဖြစ်သည်။ ရွှေသမင်မျက်လုံးရှင်၊ စိမ်းညိုသောမျက်ဝန်းအိမ်လေးနှင့် အနည်းငယ် ညိုသောကြည်သော အသားအရည်ကို ပိုင်ဆိုင်ပြီး ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်ရှိသည်။ အရွယ်ရောက်နှင့်ပြီ ဖြစ်သောကြောင့် ဖွံ့ထွားသော ရင်သားအစုံနှင့်အတူ အနိမ့်အမြင့်ကောက်ကြောင်းတို့ဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။

သူမ၏ လက်များက လေးကို တင်းနေအောင်ချိန်ထားပြီး မျက်လုံးများက မျှားဦးထိပ်ကို တည်ငြိမ်စွာကြည့်ရင်း ယုန်ငယ်တစ်ကောင်ကို ပစ်မှတ်အဖြစ်ချိန်ထားသည်။

ရွီှ. . . . . ရွှီ . . . . (အဝေးမှ လေချွန်သံ)

ဝှစ် (မျှားပစ်သံ)

အဝေးမှ လေချွန်သံသဲ့သဲ့ကို ကြားသည်နှင့် ဝဒီရာတစ်ယောက် အချိန်ဆက်မဆွဲနိုင်တော့ဘဲ မျှားကို ပစ်လွှတ်လိုက်သည်။ မျှားက ယုန်ငယ်၏ ပေါင်ကိုစိုက်သွားလေသည်။

>>တောက်. . . <<

ယုန်ငယ်က မျှားဒဏ်ရာဖြင့် ခြုံတောထဲသို့ ခုန်ဝင်ထွက်ပြေးသွားခဲ့သည်။

ယုန်ကလေး ခုန်ဝင်သွားသည်ကို ကြည့်ရင်း ဝဒီရာက လေးမျှားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ ထို့နောက်နူတ်ခမ်းကိုကိုက်ခါ အနောက်သို့ လှည့်ကြည့်လိုက်မိသည်။

ဒဏ်ရာရသွားသော ယုန်ငယ်အနေဖြင့် ခပ်ဝေးဝေးသို့ မပြေးနိုင်တော့မှန်းသူမသိသော်လည်း အနောက်မှ အချက်ပေးလှမ်းခေါ်နေသော အသံကြောင့် ဘယ်လိုမှ မလွှဲသာမရှောင်သာတော့ပဲ သားကောင်ကို သူမလက်လွှတ်၍ အမြန်ပြန်လာရပေတော့မည်။

ကျွန်မယောကျ်ား သိကြားသားတော် Myanmar UnicodeWhere stories live. Discover now