အပိုင်း (၂၁) ရောဂါပျောက်ဆေး

912 34 8
                                    


ဗလကတော့ မယ်ဝဒီကို ကျောပိုးရင်း ခေါင်မိုးတွေပေါ်ကနေ တစ်အိမ်ပြီးတစ်အိမ် လွှားခနဲလွှားခနဲ ကျော်ကာ ခပ်ဝေးဝေးတစ်နေရာဆီသို့ ဦးတည်သွားလေပြီ။ သူ့ခမျာ မယ်ဝဒီကို ဘုမသိဘမသိနဲ့ ကယ်သာကယ်လိုက်ရတာ. . ကိုယ့်ကိုကိုယ်အပြစ်တင်လို့ မဆုံးဘူး။


>>ငါဘာတွေ လုပ်မိတာလဲ။ ဒီမိန်းမလည်သိန်းကြွယ်ရဲ့ ညုတုတုအသံလေးနဲ့ မျက်ရည်ကျပြလိုက်တဲ့ ကျော့ကွင်းထဲကို လွယ်လွယ်လေးသက်ဆင်းမိပါရောလား။ 

မဟုတ်ပါဘူး။ ဒီမိန်းမရဲ့ မာယာကျော့ကွင်းကို သက်ဆင်းမိတာမဟုတ်ပါဘူး။ ငါကိုယ်က မိန်းကလေးမို့ သူ့ကိုသနားမိလို့ပါ။ တခြားဘာစိတ်မှမရှိပါဘူး။<<

တဖြည်းဖြည်းနှင့် နေမွန်းလွဲပြီးညနေဘက်သို့ ကူးလာပြီ၊ သူတို့တွေ ပြေးလွှားနေရစဲ။ လူကောင်ကြီးကြီးကြီးနှင့် အိမ်ခေါင်မိုးတစ်ခုမှတစ်ခုပေါ် ပြေးလွှားနေသောကြောင့်၊ လယ်ပြင်ကို ဆင်ဖြတ်သလိုထင်ရှားပြီး ရဲမက်တွေကသူတို့ကိုဖမ်းမမိသော်လည်း သူတို့ရှိရာအရပ်သို့ ပြေးလိုက်နေနိုင်သည်။ မယ်ဝဒီကို ရှာတွေ့ပြီဆိုသော သတင်းကြောင့် ထိုဆင်ခြေပုံးရပ်ကွက်သို့ လာသောအစောင့်အကြပ်ရဲမက်များက ပို၍ပို၍ များပြားလာသည်။

ထို့ကြောင့် ဗလက ခေါင်မိုးနိမ့်သော တစ်နေရာအရောက်တွင် လမ်းပေါ်သို့ ပြန်ခုန်ဆင်းပြီး လူစည်ကားရာအရပ်သို့ တိုးဝှေ့ကာ ကိုယ်ရောင်ဖျောက်ရန် ကြိုးစားပါတော့သည်။ အလွယ်ကူဆုံးမှာ ဇာတ်သဘင်အဆောင်တွေကြားထဲ ဝင်ပြေးခြင်းသာဖြစ်သည်။

ဇာတ်ပွဲလာသူတွေ၊ ဈေးသည်တွေကြားထဲမှာ တိုးဝှေ့သွားရင်း လူရှုပ်နေတုန်း အတားအဆီးတွေကျော်ဖြတ်ကာ ဇာတ်စင်အောက်တွင် ဝင်ပုန်းလိုက်ကြသည်။ အပြင်က ဖြတ်လျှောက်နေကြသော ခြေထောက်တွေကြားထဲမှာ တစ်ခါတစ်ခါ ရဲမက်တွေ အုပ်လိုက်ကြီး ဖြတ်သွားနေကြပြီ. . .၊ မယ်ဝဒီတို့ကို ပိုက်စိတ်တိုက်ရှာနေကြခြင်းဖြစ်သည်။ ဇာတ်စင်အောက်မှာ နှစ်ယောက်သား ငုတ်တုတ်ထိုင်ရင်း ဗလကိုလှမ်းကြည့်လိုက်မိ . . .

>>အခုလို အလင်းရောင်မကောင်းတဲ့ ဇာတ်စင်အောက်ကနေသူ့ကိုကြည့်တော့လည်း မျက်နှာကအတော်ချောပဲ

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Feb 25 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ကျွန်မယောကျ်ား သိကြားသားတော် Myanmar UnicodeOpowieści tętniące życiem. Odkryj je teraz