အပိုင်း (၁၇) ကမ္ဘာမြေပေါ်ကငရဲပြည် - Heavy Warning

741 29 4
                                    

မျက်လုံးတွေ အလိုလိုပြူးသွားပြီး. . ပြန်လှည့်ကြည့်လိုက်မိသည်။

သိပြီ. . .အဲ့ဒါဘယ်သူ့အသံလည်း သိပြီ. .

စူဠနဒီ. . .

ပါးအရိုက်ခံလိုက်ရသော အရည်းကြီးက သူ့ပါးသူပွတ်ရင်း

"အဟာ. .ဟားဟား ဟားဟား ဟား. ."

အရည်းကြီး၏ ခြောက်ကပ်ကပ်ရယ်သံက ကြက်သီးထစရာကောင်းသည်. . .

သူ့ရယ်သံတွေမှာ ကြောက်မက်ဖွယ်ရာ အကျိုးဆက်တွေရှိနေသလိုပင်. .

"သြော်. . ညည်းက လက်စသတ်တော့ နန္ဒစည်သူရဲ့ ကြင်ယာတော်လောင်းလား. . .

အေး. . . ငါတို့ကလည်း နန္ဒစည်သူမင်းသားကို အလွန်ကြောက်ကြရပါတယ်လို့. .. အဟားဟားဟားဟား. . "

ဘေးကသူတွေကပါ ဝိုင်းလှောင်ကုန်ပြီ။

ပြောပြောဆိုဆိုနှင့် ထိုအရည်းကြီးက အပြင်ကလူတွေကိုပါ လက်ဖြင့်အချက်ပြကာ လှမ်းခေါ်လိုက်လေသည်။

"ဦးငရက်. .၊ ဦးသံလျော၊ ဦးတာလေ. .

လာကြပါအုံး. . ဒီမှာနန္ဒစည်သူရဲ့ ကြင်ယာတော်လောင်း ရောက်နေတယ်ဗျို့. ."


မယ်ဝဒီက အောက်ကိုသေချာလှမ်းကြည့်လိုက်တော့မှ. .

စူဠနဒီ၏ မိမွေးတိုင်း ဖမွေးတိုင်းအခြေအနေကို မြင်လိုက်ရသည် . . .

လူကသာ ဝတ်လစ်စလစ် သူ့လည်ပင်းကတော့ ပတ္တမြားဘယက်ကိုဆွဲထားသည်။

>>တောက်. . . ရှောက်ကောင်မ. . . ငါ့ဆွဲကြိုးကိုခိုးသွားတဲ့ကောင်မ. .နင့်တော့ငါမသနားဘူး<<

ထိုစဉ် အခန်းထဲကို နောက်ထပ်အရည်းကြီး ၅ယောက်လောက် ထပ်ဝင်လာကြပြီး. .

'ဘာ. . သူကနန္ဒစည်သူရဲ့ ကြင်ယာတော်ဟုတ်လား. . '

စူဠနဒီက ဒေါသတကြီးဖြင့်

"ဟုတ်တယ်. . . ငါကအရှင့်သားနန္ဒစည်သူရဲ့ ကြင်ယာတော်လောင်းပဲ၊ နင်တို့ငါ့ကို မတော်မတရားလုပ်တာတွေကို အရှင့်သားနဲ့ ပြန်တိုင်ပြောမယ်"

'ဝူးထွား ဟားဟား ဟားဟား. . .. နင်ကများ ငါတို့ကိုလာပြီး ခြိမ်းခြောက်ချင်နေသေးတယ်

ကျွန်မယောကျ်ား သိကြားသားတော် Myanmar UnicodeTempat cerita menjadi hidup. Temukan sekarang