အပိုင်း (၁၉) ကမ္ဘာမီးလောင်သားကောင်ချနင်း

537 25 1
                                    


ခြံစည်းရိုးအနီးမှ သစ်ပင်တစ်ပင်၏အကွယ်တွင် မယ်ဝဒီတစ်ယောက် ဒေါသအကြီးအကျယ် ထွက်လျှက်ရှိသည်။

>>တောက် . .ဘယ်သူထောင်လိုက်လို့လဲမသိဘူး။ ငါခိုးထွက်နေကျ ခြံစည်းရိုးကြားက ခွေးတိုးပေါက်ကို သူတို့ပိတ်လိုက်ကြပြီ။ ဒီအပေါက်နားမှာရော၊ အိမ်ရှေ့ခြံဝင်းတံခါးမှာရော အစောင့်တွေက အပြည့်. . .ဒုက္ခပါပဲ. . . <<

ထိုစဉ် သူမပုန်းကွယ်နေရာဘက်သို့ ကင်းလှည့်သောအစောင့်တချို့ ခပ်သုပ်သုပ် လျှောက်လာနေကြသည်။ သူတို့၏မီးတုတ်အရောင်ကို အဝေးကပင်လှမ်းမြင်လိုက်ရသောကြောင့် မယ်ဝဒီအတွက် ပုန်းချိန်ရရှိသွားလေသည်။ တဖွဲ့လုံး ပြာယာခတ်နေသည့်ဟန်. . .

"ဟေ့ရောင်တွေ သေချာရှာနော်. . . ဒီည မမလေးကိုပြန်မတွေ့ရင် ငါတို့အားလုံးအထောင်းခံရပြီမှတ်"

>>ဟိုက်. . သူတို့ငါပျောက်တာသိသွားကြပြီ။ အင်းပေါ့လေ မယ်မယ်လည်း ကြာကြာဖုံးမထားနိုင်ဘူး ထင်ပါရဲ့. . .<<

'ဟုတ်ကဲ့ပါ ဆရာကြီး. .၊ မမလေးကလည်း ရှိသမျှတံခါးတွေအကုန်ပိတ်ထားတာကို ခြံဝန်းထဲကဘယ်လိုမှ ထွက်မပြေးနိုင်လောက်ပါဘူး. .။ ဒီခြံထဲမှာပဲ ရှိနေအုံးမှာပါ။'

"အေး မင်းတို့မပေါ့ကြနဲ့. . သခင်ကြီးက ကျောက်တုံးတစ်တုံးမကျန် မြေလှန်ရှာဖို့ ငါတို့ကိုအမိန့်ပေးထားတယ်"

သူတို့အရမ်းမနီးလာခင် မယ်ဝဒီက ဘေးနားကပန်းပဲဖိုရုံထဲသို့ တိတ်တိတ်ကလေး ဝင်ပုန်းလိုက်သည်။ ပန်းပဲဖိုထဲတွင် လူမရှိပဲ တိတ်ဆိတ်နေသည်။ အလုပ်ရုံခန်းမအတွင်းမှ မီးဖို၏အလင်းရောင်ကြောင့် မီးခိုးပြာရောင်မှိုင်းကာ မဲညစ်နေသော အလုပ်စားပွဲများ၊ သတ္တုကိရိယာများ၊ ပြုတ်တူများ၊ သံညှပ်သံခွများကို ကောင်းစွာမြင်တွေ့ရသည်။

အခန်းအလယ်မှလျှောက်လမ်းတွင် တောင်တက်လျှင်ကျောပိုးပစ္စည်းထည့်သော ထန်းခေါက်တောင်းရှည်ကြီးတစ်ခုကို စားပွဲနှင့်ကပ်လျှက်ထောင်ထားပါသည်။

ထိုစဉ်

'အင်း. . . အင်း . .ဟင်း. .'

ပန်းပဲဖို၏ ဘေးကအဖီလေးထဲမှ ငြီးငြူသံကြားလိုက်ရ၍ သူမ ဆတ်ခနဲကြမ်းပြင်ပေါ်တွင် ဝပ်ချလိုက်သည်။ အမျိုးသားတစ်ယောက်၏ ငြီးငြူသံ. . .

ကျွန်မယောကျ်ား သိကြားသားတော် Myanmar UnicodeWhere stories live. Discover now