အပိုင်း(၁၄) ငါ့အလှည့်

1.4K 42 16
                                    

ခွပ်. ခွပ်ခွပ်ခွပ်.. (မြင်းခွာသံ)

အိမ်ရှေ့စံ၏လှည်းယာဉ်လေးက တာလမ်းမပေါ်မှာ ဝံ့ကြွားစွာမောင်းနှင်လျှက်ရှိသည်။ လမ်းရှင်းပေးသော ရှေ့တော်ပြေးမြင်းစစ်သည်များကလည်း သူတို့အလုပ်သူတို့လုပ်နေကြသည်။ လမ်းဘေးဝဲယာမှ ပြည်သူများလည်း အိမ်ရှေ့စံကြွလာသည်ကို တလေးတစား ဖူးမျှော်ရန် ကြိုးပမ်းကြလေသည်။

လှည်းယာဉ်တော်မှာ လိုက်ကာများအကုန်ချထားသောကြောင့် အထဲမှာမည်သူမည်ဝါ ကြွမြန်းလာကြောင်းကို ပြည်သူတွေမမြင်ရပေ။ သို့သော်သည်လှည်းယာဉ်က အိမ်တွင်းမှုကျောင်းတော်မှ နယ်စားမင်း မာဘိတ္တ၏စံအိမ်သို့ ဦးတည်ကာမောင်းနှင်လာသည့် လှည်းယာဉ် ဖြစ်ပေသည်။

စံအိမ်ရှေ့အရောက်တွင် လှည်းယာဉ်အတွင်းမှဆင်းလာသူက မယ်ဝဒီ. ၊ သူမ၏အနောက်မှာ နူတ်ဆက်စကားလှမ်းပြောနေသူက အိမ်ရှေ့စံ နန္ဒစည်သူမင်းသား

မယ်ဝဒီက အိမ်ရှေ့စံကို လှည်းယာဉ်အောက်မှ တရိုတသေ ပြန်လည်နူတ်ဆက်သည်။ ငေးကြည့်နေကြသော ပြည်သူအများကလည်း နယ်စားမင်းသမီး ပဉ္စဝဒီရာမှာ မကြာမှီတွင် အိမ်ရှေ့စံ၏ကြင်ယာတော်ဖြစ်ရန် မြေကြီးခတ်တပ်အပ်မလွဲပင် ဖြစ်ကြောင်း သဘောပေါက်ကြသည်။

အားလုံးရှေ့မှာ အားတင်းကာ လူကိုစိတ်ကဆောင်နေပေမယ့် တကယ်တော့ ရင်ထဲမှာ အရမ်းပင်ပန်းနေပြီ။

နယ်စားမင်းက အိမ်ရှေ့စံနှင့် တည့်အောင်နေပြီး အိမ်ရှေ့စံအကြိုက်အတိုင်း ပြောဆိုနေထိုင်ဖို့ အကြိမ်ကြိမ်မှာကြားထားသည် မဟုတ်ပါလား။

ကျောင်းတော်ကဆုပေးပွဲမှာလည်း စိတ်ပင်ပန်းရသလို၊ နေ့လည်စာစားပွဲမှာလည်း ထမင်း ကောင်းကောင်းမစားနိုင်ခဲ့ပေ။ အားအားရှိ အိမ်ရှေ့စံကို ပြန်ပြုံးပြရ၊ သေရည်ငဲှဲ့ပေးရနဲ့ မယ်ဝဒီဆိုတာ အရင်တုန်းကမယ်ဝဒီမဟုတ်တော့ဘူး။ စိတ်လွတ်ကိုယ်လွတ် တောစပ်မှာအမဲလိုက်ပြီး ဇိုးဇိုးဇတ်ဇတ် ပြောတဲ့လုပ်တတ်တဲ့ မယ်ဝဒီဆိုတာမရှိတော့ဘူး။

အိမ်ရှေ့စံရဲ့ စိတ်တိုင်းကျဖြစ်အောင် မျက်နှာဖုံးအထပ်ထပ်ကာရံကာ ဟန်ဆောင်ထားရတဲ့ မယ်ဝဒီ ပဲရှိတော့တယ်။ ဒါပေမယ့် အဲ့ဒီ့ဟန်ဆောင်အပြုံးတွေနဲ့ မယ်ဝဒီကပဲ ကျွန်မကိုဒီလောကမှာ ရှင်သန် ရပ်တည်နိုင်အောင် ဖန်တီးပေးမှာမဟုတ်လား။

ကျွန်မယောကျ်ား သိကြားသားတော် Myanmar UnicodeWhere stories live. Discover now