💛 အပိုင်း 23 💛

3.2K 244 8
                                    

💛 Sweet Like Honey 💛

အပိုင်း 23

"ဟယ် ..... လွှမ်း ဘယက်လေးက လှလိုက်တာ ...... စျေးကြီးမယ့်ပုံပဲနော်..... ဘယ်လောက်ပေးရလဲ ......"

"အဟင်း... ဘယ်လောက်ပေးရလဲတောင် မသိပါဘူး ချမ်းရယ်...... ကိုကို လက်ဆောင်၀ယ်လာပေးတာလေ..... အဲ့တာ ဒီပွဲမှာ၀တ်ဖို့အတွက် အဆင်ပြေတာနဲ့ ထုတ်၀တ်လာခဲ့တာ...... "

မောင်နဲ့ message အပြန်အလှန်ပို့ရင်း စကားပြောနေတုန်းမှာပဲ သူမဘေးမှာထိုင်နေတဲ့ နှစ်ယောက်ရဲ့ စကားသံတွေက ချိုရီ့နားထဲ အလိုလို၀င်ရောက်လာရသည်။

ဒီနေ့ သူမကို Brand Ambassador ခန့်ထားတဲ့ Velvon ရဲ့ ပစ္စည်းအသစ် မိတ်ဆက်ပွဲ အခမ်းအနားမို့ ချိုရီ ပွဲတက်ပေးရခြင်း ဖြစ်သည်။ နာမည်ကြီး Cosmetic Brand ကြီးမို့ အနုပညာရှင်တွေရော ၊ Beauty blogger တွေရော တော်တော်များများ တက်ရောက်ကြသည်။

ဖြစ်ချင်တော့ သူမရဲ့ ဘေးမှာလာထိုင်သည်က သူမနဲ့ မျက်နှာကြော မတည့်သည့် လွှမ်းဖြူစင်ဖြစ်နေလေသည်။

လွှမ်းဖြူစင်နဲ့ သူမတို့ မျက်နှာကြောမတည့်ရသည့် အကြောင်းအရင်းကို သေချာဆန်းစစ်ကြည့်လျှင် တိတိကျကျ ရေရေရာရာ မရှိလှပေ။

ဒါပေမဲ့ သူမရဲ့ ဆဌမအာရုံကြောင့်လို့ပဲ ပြောရမလား .... ကြာပန်းဖြူလို့ သူမ တိတ်တိတ်လေး နာမည်ပေးထားတဲ့ အဲ့ဒီ လွှမ်းဖြူစင်ဟာ စပေါ်ထဲက သူမကို အတင်းကြီး လိုက်ယှဥ်ပြိုင်တတ်ခဲ့တာဖြစ်သည်။

ဇာတ်လေးတွဲ သုံးလေးခုလောက် အတူတူ ရိုက်ဖူးခဲ့တာမို့ ရိုက်ကူးရေးတောက်လျှောက်မှာ သူမထက် ပို screen time လိုချင်ခဲ့တာတွေ၊ သူမထက် ပိုပြီး ထင်သာမြင်သာရှိချင်ခဲ့တာတွေကို တိုးတိုးတစ်မျိုး ပေါ်တင်တစ်မျိုး လုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။ ကင်မရာရှေ့နဲ့ လက်တွေ့ဘ၀ကို ပုံစံ၂မျိုး၊ မျက်နှာနှစ်ဖက်နဲ့ နေကြတဲ့ သရုပ်ဆောင်တွေထဲက တစ်ဦးဆိုလဲ မမှားပေ။

တစ်ခါတုန်းကဆို ၂ယောက်လုံးပါတဲ့ ဒရမ်မာစီးရီး တစ်ခုမှာ သူမနဲ့ သူ့ရဲ့ screen time က အရမ်းကွာခြားနေလို့ဆိုပြီး ဒါရိုက်တာကိုရော ဇာတ်ညွှန်းရေးဆရာကိုရော ပြဿနာရှာခဲ့ဖူးသည်။ နောက်တော့ ဇာတ်လမ်းကို ရင်းနှီးမြှုပ်နှံထားတဲ့ ပရိုဂျူဆာအဖိုးကြီးနဲ့ လွှမ်းဖြူစင်ကို ဘာလိုလို ညာလိုလို အသံတွေ ကြားလိုက်ရပြီး ချိုရီ ရထားတဲ့ မူလဇာတ်ညွှန်းဟာလဲ ပြောင်းလဲသွားခဲ့သည်။

💛 Sweet Like Honey 💛Where stories live. Discover now