🚨 Sweet Like Honey 🚨
အပိုင်း 34 (ပထမပိုင်း)
❗️Warning - R 18❗️
အနီသွေးရောင်သမ်းနေတဲ့ မောင့်ရဲ့ လျှာဖျားလေးက သူမကို ထိတွေ့လာလျှင် ချိုရီ အလိုက်သင့်စွာဖြင့် သူမရဲ့နှုတ်ခမ်းလွှာတွေကို ဖွင့်ဟပေးလိုက်မိသည်။
သူမရဲ့ ခွင့်ပြုမှုကြောင့် မောင်က သူမခန္ဓာကိုယ်ပေါ် အုပ်မိုးရင်း သူမခေါင်းလေးကို ထိန်းကိုင်ကာ လျှာအချင်းချင်းရစ်ပတ်ထွေးယှက်ပြီး စုပ်ယူနမ်းရှိုက်လေတော့သည်။
ချိုရီလဲ အနမ်းတွေကို ပြန်လည်တုံ့ပြန်ရင်း မောင့်ရဲ့ ကျောပြင်ကို မက်မောစွာ ဖက်တွယ်ထားမိသည်။
အချိန်အတန်ကြာအောင် နမ်းရှိုက်ပြီးတော့မှ နှုတ်ခမ်းချင်းကို ပြန်ခွာလိုက်ကြလျှင် မောင်နဲ့ သူမရဲ့ နှုတ်ခမ်းလွှာ နှစ်စုံကြားမှာ ငွေမျှင်ရောင်တန်းလေးက အမျှင်မပြတ်စွာ သွယ်တန်းသွားခဲ့သည်။
သူမကို နူးညံ့ရီဝေစွာ စိုက်ကြည့်နေတဲ့ မောင့်ကို ချိုရီ ခပ်ဖွဖွလေး ပြုံးပြလိုက်မိသည်။ထိုအခါ မောင်ကလဲ သူမနဖူးလေးကို ညင်သာစွာဖြင့် ငုံ့နမ်းလာသည်။
ထို့နောက်မှာတော့ မောင်က သူမအား ဆိုဖာပေါ်မှ ပွေ့ချီကာ အိပ်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။
အိပ်ခန်းထဲကို ရောက်တာနဲ့ မောင်က သူမအား ပန်းနုရောင်မွေ့ယာထက်မှာ အသာချပေးကာ သူမကိုယ်ပေါ် ထပ်မံ အုပ်မိုးပြီး Collar bone လို့ ခေါ်တဲ့ သူမရဲ့ ညှပ်ရိုးလေးတွေနဲ့ ရင်ညွန့်နေရာလေးတွေကို အနမ်းတွေ စတင်စွန့်ကြဲတော့သည်။
ချိုရီ့မှာ မောင်ပေးအပ်လာတဲ့ အနမ်းတွေရဲ့ ချိုမြိန်ခြင်းကို မျက်လုံးလေးမှေးစင်းကာ ခံစားရင်း မောင့်ရဲ့ ဆံနွယ်တွေကို ဆုပ်ကိုင်ထားမိသည်။
ထို့နောက်မှာတော့ မောင်က သူမ၀တ်ထားတဲ့ အင်္ကျီကို ချိုင်းကနေ ပင့်ချွတ်ဖို့ ကြံရွယ်လာတာကြောင့် မောင် ချွတ်ရလွယ်ကူစေရန် ချိုရီ လက်လေး ၂ဖက်ကို ပင့်မြှောက်ပေးလိုက်သည်။
မောင်က သူမအင်္ကျီကိုဖယ်ရှားပြီးတာနဲ့ ဇာအတွန့်လေးတွေပါတဲ့ Bra ကြက်သွေးရောင်လေးနဲ့ မလုံ့တလုံ ဖုံးကွယ်ထားရတဲ့ သူမရဲ့ရင်သားလုံးလုံးလေးတွေကို ငေးစိုက်ကြည့်လာပြီး လက်တွေကလဲ နောက်ကျောဘက်ဆီမှ Bra ချိတ်ကလေးကို တစ်ချက်ထဲ ဆွဲဖြုတ်လာလေသည်။