Intro

445 34 32
                                    

[Kris Wu _ Er San(Recommed song)]

ရင်ထဲမှာတင်းကျပ်လာမှု့။ခြေဗလာကနေခံစားရတဲ့နာကျင်မှု့အရာအားလုံးကိုရစ်ခီသေချာခံစားနေရသည်။ဒါဟာအိမ်မက်တစ်ခုမှန်းသူသိသည်။သိသည့်တိုင်အောင်ကိုယ်တိုင်ကြုံတွေ့နေရသလိုမျိုးနာကျင်နေတာဘာကြောင့်လဲ။ဆံနွယ်ဖြူတွေတလွင့်လွင့်နဲ့ပြေးသွားနေသူဟာဘယ်သူများလဲ။မျက်ရည်တွေတသွင်သွင်စီးကျလာမှု့နဲ့အတူရစ်ခီနိုးထလာရသည်။်စီးကျလာမှု့နဲ့အတူရစ်ခီနိုးထလာရသည်။

ထုံထိုင်းနေတဲ့ခံစားချက်တွေကိုဘေးဖယ်လိုက်ရင်းမျက်ရည်တွေကိုအရင်သုတ်လိုက်ရတော့သည်။စားပွဲပေါ်ကစာအုပ်ကိုဆွဲယူလိုက်ရင်းအရင်အတိုင်းတစ်ပုံစံတည်းမှတ်မိသလောက်ကိုရေးမှတ်လိုက်သည်။ဆယ်နှစ်ကျော်မျှကြာပြီဖြစ်တဲ့အိမ်မက်တွေဟာရစ်ခီ့အိပ်ပျက်ညတွေရဲ့တရားခံဖြစ်သည်။ဘယ်သူမို့လို့သူ့ကိုအဲ့လောက်ထိစိတ်အနှောက်အယှက်ပေးနေပါလိမ့်။

''ဒီလူကရောဘယ်သူလဲ"

''ကင်မ်အွန်း! ခင်ဗျားတကယ်ဘဲဘယ်သူလဲ ဘာလို့ငါကဒီအိမ်မက်တွေမက်နေရတာလဲ''

အရင်ဆိုဆံနွယ်ဖြူတွေရှိတဲ့ ရှေးခေတ်ဝတ်စုံတွေကိုဝတ်ဆင်တတ်တဲ့လူကိူသူအိမ်မက်မက်နေကြ။ဒီနေ့တော့မတူ ဓားကိုင်ထားတဲ့လူတစ်ယောက်ပါဝင်လာခဲ့သည်။ထင်ရှားတဲ့မေးရိုးကလွဲပြီးရစ်ခီဘာမှမမြင်လိုက်ရ။ပြီးတော့ဆံနွယ်ဖြူတွေရှိတဲ့လူရဲ့မျက်နှာကိုလည်းရစ်ခီတစ်ခါမှရှင်းရှင်းလင်းလင်းမမြင်ဖူးဘူး။မဟုတ်ဘူး သူမမြင်ရဘူး။ဒါပေမဲ့ဒီနေ့မြင်လိုက်ရတဲ့လူကထူးခြားတယ်ထင်ပါရဲ့။အမြဲထဲတည်တင်းနေတတ်တဲ့ဆံနွယ်ဖြူတွေရှိတဲ့ကောင်ငယ်လေးဟာပြုံးနေခဲ့သည်။ဆက်အိပ်လို့လည်းမရတာမို့ရစ်ခီအလုပ်ကိုစောသွားဖို့သာပြင်လိုက်သည်။

''ချီးဘဲ မမြင်ချင်တဲ့ကင်မ်ဂျီဝွန်းရဲ့မျက်နှာကိုမြင်ရအုံးမယ်''

အနည်းငယ်လောက်ကျိန်ဆဲလိုက်ရင်းရစ်ခီရေချိုးခန်းထဲဝင်လာလိုက်သည်။ဆယ်စုနှစ်တစ်ခုစာသူမြင်မက်နေတဲ့အိမ်မက်တွေဟာတစ်ကယ်စိတ်ရှုပ်စရာကောင်းလှသည်။မျက်နှာတွေလည်းမမြင်ရ။မသဲမကွဲအပိုင်းအစတွေဖြစ်နေတော့ပိုဆိုးသေးသည်။

___________________

''မထိနဲ့! !! မင်းတို့တစ်ယောက်မှမထိနဲ့! !!ငါ့ကြင်ယာတော် ကိုမင်းတို့ထိစရာမလိုဘူး ''

''မထိနဲ့!!!"

"အ့!''

တစ်ပိုင်းတစ်စအိမ်မက်တစ်ခုရဲ့နောက်မှာမျက်ရည်တွေအိုင်ထွန်းလို့ဂျီဝွန်းနိုးထလာရသည်။ရင်ထဲတင်းကျပ်နေမှု့နဲ့အတူသူအိမ်မက်ကနိုးလာပြီးတာတောင်ငိုနေမိဆဲ။ဆိုးလိုက်တာ။မကြာသေးခင်ကမက်နေတဲ့အိမ်မက်တွေဟာအိမ်မက်ဆိုးတစ်ခုနဲ့တူသလို အိမ်မက်ဆိုးတစ်ခုလည်းမဟုတ်ခဲ့။စာရေးစားပွဲမှာထိုင်လိုက်ရင်းသူမြင်တွေ့ခဲ့ရတဲ့အိမ်မက်ထဲကပုံရိပ်ကိုသာရေးဆွဲပစ်လိုက်သည်။သွေးတွေပေကျံနေတဲ့လူတစ်ယောက်ကိုဖက်တွယ်ထားတဲ့ယောကျာ်းတစ်ယောက်။ဘယ်သူ့ကိုမှလည်းအထိမခံသလိုသူကိုယ်တိုင်လည်းလက်မလွတ်ခဲ့။တင်းကျပ်စွာဖက်ထားသည်။သူတို့ကဘယ်သူတွေများလဲ။ဘာလို့ဂျီဝွန်းကအကြိမ်ရေစိတ်စိတ်မြင်မက်နေရတာလဲ။

''စိတ်ရှုပ်စရာဘဲ''

စာရေးစားပွဲကနေထရပ်လိုက်ရင်းအလုပ်သွားဖို့သာပြင်လိုက်သည်။ဟိုအမြက်ကပ်စရာသူဌေးသားရစ်ခီကိုတွေ့ရအုံးမယ်။မတွေ့ချင်ပါဘူးဆို။ဒီအိမ်မက်တွေလည်းမမက်တော့ရင်ကောင်းမယ်။စိတ်ရှုပ်ဖို့ကောင်းလွန်းလို့။

_______<<TBC>>_________

ဟဲဟဲ Introအရင်လာတင်ထားတာ။ Recommed song ရဲ့အဓိပ္ပယ်ကိုအရင်သွားရှာကြည့်ထားလို့ရပါတယ်။Ficတစ်ခုလုံးကသီချင်းစာသားတွေနဲ့အံကိုက်လုပ်ထားတာမို့ပါ။အခုကအလုပ်လေးနည်းနည်းရှိလို့ ပြီးတာနဲ့ရေးပေးမယ်နော်။ညနေတော့တစ်ပိုင်းလောက်ရမယ်။သုံးလေးပိုင်းဘဲရှိမှာပါ။အခုမှနေကောင်းခါစမို့အားသိပ်မရှိလို့Ficရေးဖို့ကြာနေတာ ဟဲဟဲ။

✨nuestro destino✨Where stories live. Discover now