3

158 29 35
                                    


{空庭雨飄落 花凋零落寞
The rain fell in the desert garden. Flowers lonely wither.

仿佛雲也飄過
And similar clouds float across the sky.}

''ဂျီဝွန်းရေ ထအုံး''

''ဟဲ့ ကင်မ်ဂျီဝွန်း ''

''ဟဲ့အကောင် ထလာလို့!''

အခန်းပြင်ကနေကြားနေရတဲ့သူ့အစ်မရဲ့ပြဲလန်နေတဲ့အသံကြီးကြောင့်ဂျီဝွန်းမထချင်ဘဲထလာရတော့သည်။ငါ့ရဲ့အလုပ်ပိတ်ရက်လေးကိုဘာလို့လာနှောက်ယှက်နေပါလိမ့်။

''အောက်မှာနင့်ကလေးရောက်နေတယ် မြန်မြန်ရေချိုးပြီးဆင်းလာခဲ့ ကလေးကနင့်နဲ့မှမနက်စာစားမယ်တဲ့''

''ဟမ်!ကလေး!!!?"

''ရစ်ခီလေးလေ မြန်မြန်လုပ် ကြားလား''

''ဟုတ်''

ဂျီဝွန်းကသူ့အဖေ အမေဘယ်သူ့ကိုမှမကြောက်။သူ့အမကိုတော့ကြောက်သည်။သူ့အမကမုဆိုးတပိုင်းမိန်းမရိုင်းကြီး။အခုနေမထကြည့်ခဏနေရင် အသတ်ခံနေရလောက်မည်မှာအသေအချာပင်ဖြစ်သည်။

''မင်း စောစောစီးစီးဘာလာလုပ်တာလဲ''

လှလှပပကျော့ကျော့ရှင်းရှင်းနဲ့ဂျီဝွန်းအိမ်ကိုရောက်လာပါတဲ့သကောင့်သားလေးကိုဂျီဝွန်းမေးလိုက်တော့သူ့ရဲ့အိမ်သားအားလုံးရဲ့မကျေနပ်တဲ့မျက်လုံးတွေအကုန်သူ့စီရောက်လာတော့သည်။ပြီးတော့ရစ်ခီ့ရဲ့ညီလေးပါပါလာသေးသည်။အဲ့ကလေးကလည်းဂျီဝွန်းကိုဆိုအမဲဖျက်တော့မလို့ဘဲ အမြဲတမ်း။

''ကလေးကိုကောင်းကောင်းပြောစမ်း ကင်မ်ဂျီဝွန်း ရစ်ခီလေးခမျာမနက်စာတောင်မစားဘဲ နင်ထတဲ့ထိစောင့်နေတာကို''

''အော် ဘာကိစ္စရှိလို့လဲ အသဲလေး''

''ခင်ဗျား!''

မျက်နှာလေးနီကာထအော်လာတဲ့ကောင်လေးကြောင့်တစ်အိမ်လုံးရယ်ပွဲကျသွားရပြန်၏။တစ်ခါတစ်လေလည်းအဲ့ကောင်လေးဟာချစ်စရာအသွင်လေးကိုဆောင်ပြန်သည်။

___

''ကဲ လာရင်းကိစ္စကဘာလဲ''

''ခင်ဗျားကလည်းလေသံမာလိုက်တာ အငယ်ကို...''

အမယ် ရစ်ခီရှန်မှာဒီလိုsideလည်းရှိသေးတယ်ပေါ့။မင်ချွေ့ကသူ့ညီမငယ်နဲ့ပွဲကျနေတဲ့အချိန်သူ့အမေနဲ့အစ်မက စျေးသွားလေရဲ့။အဲ့တာနဲ့ဘဲ ဂျီဝွန်းနဲ့ထိုကောင်လေးသာထမင်းစားခန်းထဲမှာနှစ်ယောက်ထဲကျန်နေခဲ့ရတော့တာဘဲ။

✨nuestro destino✨Donde viven las historias. Descúbrelo ahora