1

212 37 65
                                    

{故事說兩三句就散了
The stories say that we split after saying 2-3 sentences to each other

也許事與願違呀
But if may not happen either}

''မေမေ မောနင်း''

''အစောကြီးနိုးနေတာလား''

''အင်း ဒီတိုင်းအိမ်မက်ဆိုးမက်လို့''

ဂျီဝွန်းထမင်းစားပွဲမှာဝင်ထိုင်လိုက်တော့သူ့အမေကပြူးကြည့်ရင်းမေးလာတာမို့ပြန်ဖြေလိုက်ရသေးသည်။

''အိပ်ရေးမဝဘူးလား မျက်နှာကညှင်းသိုးသိုးနဲ့''

''ဟာ အမေကလည်း ကိုယ့်သားအချောလေးကိုဗျာ ဒီတိုင်းရှန်ရစ်ခီနဲ့မတွေ့ချင်လို့''

''ဟဲ့ ကလေးကဘာဖြစ်လို့တုန်း နင်နော်''

သူ့အမေကရစ်ခီ့ဘက်လိုက်ပြောပေးနေတာကြောင့်ဂျီဝွန်းမျက်နှာကိုရှုံ့မဲ့ပစ်လိုက်သည်။အ​မေမှအဲ့အချေကောင်အကြောင်းမသိတာ။ဂျီဝွန်းလည်းဘာမှမလုပ်ရပါဘဲဂျီဝွန်းကိုအသလွတ်ကြီးမုန်းနေတာ။တွေ့တိုင်းမျက်စောင်းထိုးပြီးတော့လေ။မသိရင်ဘဲဂျီဝွန်းကသူ့ရည်းစားဟောင်းလိုလို၊ရန်သူလိုလိုနဲ့။အမြင်ကိုကပ်တယ်။ဂျီဝွန်းကိုကြည့်မရရင်ဂျီဝွန်းဘက်ကလည်းအလကားနေရင်းလိုက်ရောမနေဘူး။အခုကကုမ္မဏီနှစ်ခုပူးပေါင်းလုပ်နေတဲ့ပရောဂျက်တစ်ခုဖြစ်နေတာမို့မတွေ့ချင်လည်းတွေ့ရအုံးမယ်။စိတ်ကုန်တယ်။

''ဟဲ့ ဆူပုတ်မနေနဲ့ ကလေးကသူ့ဟာသာသူနေတာကို ''

''အမေ့သမက်ဘက်လိုက်ပြောပေးမနေနဲ့ အမေ့သမက်ကလေးကမှဆယ်နှစ်ရာသီဆူပုတ်နေတာ''

''သားက ရစ်ခီလေးကိုကြိုက်နေတာလား''

''အဟွတ်!! အမေရာ မနောက်စမ်းပါနဲ့ ဖွဖွ လွဲပါစေ ချော်ပါစေဗျာ''

''ဟဲ့ နင်ဘဲငါ့သမက်ဆို''

''အမေ့သမီးငယ်နဲ့ပေးစားဖို့အမေကြံနေတာမလား အဲ့တာပြောတာ သူတို့အိမ်အကြောင်းလည်းသိသားနဲ့ ''

''အင်းအင်း မြန်မြန်စားပြီးသွားတော့''

မာတာမိခင်ဘက်ကနှင်ထုတ်လာပြီမို့ အမြန်အလုပ်သွားဖို့သာပြင်လိုက်တော့သည်။

...........

''ရှန် ကိုယ့်ကိုဟိုဘက်ကဖိုင်လေးကမ်းပေးလို့ရမလား''

✨nuestro destino✨Where stories live. Discover now