7

144 16 25
                                    

[紅顏笑他把酒醉今朝
Now Kim Woong is intoxicated by the smile of a beautiful Quanrui]

''ဟင် ဘယ်အချိန်တွေတောင်ရှိနေပြီလဲ''

ချွမ်ရွေ့အိပ်စက်ရာနေနိုးထလာတဲ့အချိန်မှာ နေပင်အတော်မြင့်နေပြီဖြစ်သည်။ချွမ်ရွေ့အလျင်အမြန်အခန်းတံခါးရှေ့ကိုသွားလိုဆွဲဖွင့်လိုက်တော့အစောင့်တွေကမနေ့ညကလိုတော့အတင်းမတားတော့။ချွမ်ရွေ့ခြေဦးတည်ရာလျှောက်ပြီးပြေးထွက်လာရင်းကနေနန်းပြင်ကိုရောက်တော့ခြေထောက်တွေခွေယိုင်လဲမဲ့မြင်ကွင်းကစီးကြိုသည်။သွေးတွေအလိပ်လိပ်အန်ထားတဲ့ပုံနဲ့ရီယွန်းရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးချွမ်ရွေ့ခွေယိုင်လဲနေရာကနေမထမိ။အမှန်ဆိုရီယွန်းရဲ့ကိုယ်ခန္ဓာအားထွေးပွေ့လို့တောင်းပန်စကားပြောချင်မိသည်။ဒါပေမဲ့ သူကရီယွန်းကိုထိတွေ့ဖို့တောင်တန်ရဲ့လား။သူ့ကြောင့်နဲ့ဘာအပြစ်မှမရှိတဲ့ကလေးငယ်တစ်ယောက်သေသွားခဲ့ရပြီ။ကင်မ်အွန်းက ကလေးငယ်တစ်ယောက်ကိုတောင်သွေးအေးအေးနဲ့သတ်နိုင်တဲ့လူစားလား။ဒါမှမဟုတ် ချွမ်ရွေ့ကဘဲသူ့ဘေးနားကလူတွေကိုမကောင်းတဲ့အရာတွေယူဆောင်လာပေးမိတာလား။

''ဒါက ဥပမာဘဲ ချွမ်ရွေ့ နောက်တစ်ခေါက်ဆိုမင်းရဲ့သားရဲကောင်ရော ကင်မ်ဗင်းပါငါသတ်မှာ အဲ့တာကြောင့်ကိုယ်တော့်နားမှာလိမ်လိမ်မာမာနေ''

ချွမ်ရွေ့ရဲ့နောက်ကနေကင်မ်အွန်းဘယ်တုန်းကရောက်နေမှန်းမသိ။ချွမ်ရွေ့ရဲ့ဆံနွယ်ဖြူတွေကိုပွတ်သပ်လို့နားနားကပ်ကာပြောတဲ့အေးစက်နေတဲ့လေသံဟာတကယ်ကိုပြောတဲ့အတိုင်းလုပ်မဲ့ပုံဘဲ။ချွမ်ရွေ့ကရော ဘာတွေများလုပ်နေရအုံးမှာလဲ။ထပ်ပြီး သူချစ်ရတဲ့လူတွေကိုကာကွယ်ဖို့ ကင်မ်အွန်းချထားတဲ့နယ်မြေကျဥ်းကျဥ်းလေးထဲမှာငြိမ်သက်စွာနေထိုင်လိုက်ရရုံလေးဘဲလေ။ချွမ်ရွေ့ဟာကင်မ်အွန်းရဲ့သာမာန်ကိုယ်လုပ်တော်လေးပါဘဲ။များစွာသောကိုယ်လုပ်တော်တွေထဲကတစ်ယောက်ဘဲလေ။ကင်မ်အွန်းကဘာလို့များသူ့ကိုထိန်းချုပ်ချင်နေရတာလဲ။သူမတွေးကြည့်ချင်တော့။ချွမ်ရွေ့ဟာနားလည်နိုင်ဖို့အတွက်တောင်အရမ်းကိုပင်ပန်းလွန်းနေပြီလေ။သူထင်နေတဲ့အရာကမျှော်လင့်ချက်အမှားတွေဘဲဖြစ်လာမှာဟာသေချာသည်လေ။

You've reached the end of published parts.

⏰ Last updated: Dec 08, 2023 ⏰

Add this story to your Library to get notified about new parts!

✨nuestro destino✨Where stories live. Discover now