4

183 30 79
                                    


''ရှန် မင်းမျက်လုံးတွေအရမ်းလှတယ်''

''ဟို ခင်ဗျားလက်ကို ဖယ် ထမလို့''

''အော် အင်း''

ထိုကောင်လေးအရှိန်လွန်ပြီးပြုတ်ကျမှာစိုးလို့ဂျီဝွန်းမှီရာဆွဲထားမိတာကထိုကောင်လေးရဲ့ခါးသိမ်သိမ်လေးဖြစ်နေတာလေ။ဂျီဝွန်းလွှတ်ပေးလိုက်တာနဲ့ထိုကောင်လေးဟာချက်ချင်းထထိုင်လို့စောနကဘာမှမဖြစ်ခဲ့သလိုထိုင်နေတော့သည်။

''ရှန် ဆက်မဖတ်တော့ဘူးလား''

''ဖတ်မှာ!''

''အဲ့တာဆို ဒီကိုလာ''

ဘေးနားကိုတွန့်ဆုတ်တွန့်ဆုတ်နဲ့ရောက်လာတဲ့ကောင်လေးဟာနားရွက်ဖျားလေးတွေလည်းနီနေပြန်သည်။ပူနေလို့များလား။အဲကွန်းလည်းဖွင့်ပေးထားပါတယ်။ဘာလို့ပါလိမ့်။

''ဒါနဲ့ ကင်မ်ဂျီဝွန်း ခင်ဗျားကိုတစ်ခုမေးအုံးမယ်''

''မေး မင်းလည်းတော်တော်အမေးအမြန်းထူတာဘဲ''

''ခင်ဗျားကလည်းဗျာ ဝွန်း!!"

"နှုတ်ခမ်းဆူမနေနဲ့ လှလည်းမလှဘဲနဲ့ မေးစရာရှိတာမေး''

ဂျီဝွန်းပြောလိုက်တော့ထိုကောင်လေးဟာမျက်လုံးလေးလှန်ကြည့်လာသည်။နှုတ်ခမ်းကတော့ဆူထားဆဲပင်ဖြစ်သည်။

''စောနကတော့လှတယ်ဆိုပြီးတော့~''

''ဘာဖြစ်တယ်!''

''ဘာမှမဟုတ်ဘူး ခင်ဗျား ဘာကိစ္စရှန်မင်းသားငယ်အကြောင်းကိုအဲ့လောက်ထိစိတ်ဝင်စားနေရတာလဲ''

''ငါပြောပြရင် မင်းယုံမှာတောင်မဟုတ်ဘူး ငါရှန်မင်းသားငယ်အကြောင်းမသိခင်တုန်းကအိမ်မက်တစ်ခုကိုအမြဲမက်နေတာ ဘာအကြောင်းအရာရယ်လို့အတည်တကျမသိပေမဲ့ ဒီခေတ်ကာလတစ်ခုတော့မဟုတ်ဘူး အမြဲတမ်းတစ်စုံတစ်ယောက်ကိုထွေးပွေ့ပြီးငိုနေတဲ့လူတစ်ယောက်ကိုအမြဲအိမ်မက်မက်နေတာ ဘယ်သူဘယ်ဝါရယ်တော့မသိပေမဲ့ အိမ်မက်မက်တိုင်းရင်ထဲမှာတင်းကျပ်ပြီးရူးသွားတော့မလိုဘဲ အဲ့အချိန်မှာရှန်မင်းသားငယ်အကြောင်းသိရတော့သိချင်သွားလို့ ''

''အော် အဲ့လိုလား''

''မင်းကရော ရှန်''

''ဒီတိုင်းဘဲ ''

✨nuestro destino✨Where stories live. Discover now