6

161 22 9
                                    

{雨落下感傷
The rain fell sadly.

雨落下的那個夜晚月無瑕
During the rain, this night moon is flawless.}

''အွတ် လွှတ်ပေး!''

''မင်းကငါ့ကြင်ယာတော် ချွမ်ရွေ့ ငြင်းပိုင်ခွင့်မရှိဘူး''

''ဟင့်!''

အသံတွေထွက်တဲ့ငိုကြွေးလာတဲ့ချွမ်ရွေ့ကြောင့်သူဘဲလက်လျော့လိုက်ရတော့သည်။သူကစိတ်ပျော့တဲ့လူမဟုတ်တာသေချာပါလျက်နဲ့ချွမ်ရွေ့ဟာမျက်ရည်တွေနဲ့မလိုက်ဖက်လှတာမို့သူသက်ပြင်းတစ်ချက်ချရင်းသူ့ရှေ့ကကောင်လေးကိုပွေ့ချီလိုက်သည်။

''ဖိနပ် ဘယ်မလဲ''

''မသိဘူး!''

''ပုဝါစရော''

ခေါင်းလေးကိုသာခပ်ဖြည်းဖြည်းခါပြတာမို့သူအမြဲဆောင်ထားတတ်တဲ့ပုဝါကိုသာထုတ်ပေးလိုက်ရတော့သည်။အဲ့အခါမှသူ့မျက်နှာကိုပုဝါနဲ့အလျင်အမြန်အုပ်နေသည်။

''မျက်နှာကိုဘယ်သူ့မှမမြင်စေနဲ့ ချွမ်ရွေ့ မြင်သွားတဲ့လူရှိရင်ကိုယ်တော်အဲ့လူကိုသတ်မှာ''

''...''

''မြင်ဖူးတဲ့လူရှိလား''

ခေါင်းကိုနောက်တစ်ခေါက်ခပ်သွက်သွက်ကလေးခါပြလာပြန်သည်။မြင်ဖူးတဲ့လူရှိတာသေချာလောက်သည်။ဒါပေမဲ့ဒီတစ်ခေါက်တော့လွှတ်ထားလိုက်ပါ့မယ်။

.......

''ရီယွန်း ငါအပြင်ထွက်ချင်တယ်''

''မရဘူးလေ အရှင့်သားခြေထောက်ကပြန်မှမကောင်းသေးတာ နေခဲ့အုံးနော် မုန့်အချိုသွားယူလာခဲ့ပေးမယ်''

''အင်းပါ''

ချွမ်ရွေ့ပါ ဒီလောက်နဲ့တင်ရပ်မယ်ထင်လား။ရီယွန်းသွားလိုက်တာနဲ့အိပ်ရာပေါ်ကနေဆင်းပြီးတော့အပြင်ထွက်ဖို့ပြင်လိုက်သည်။တောင်ပေါ်မှာဖြစ်သွားတဲ့ကိစ္စကြောင့်ခြေထောက်တွေကတော်တော်လေးကိုနာနေသေးတာဖြစ်သည်။ဒါပေမဲ့အပြင်မထွက်ရတာကသုံးရက်​လောက်ကြာနေပြီမို့အပြင်လေလေးလည်းရှုချင်သေးတာလေ။ကင်မ်အွန်းကတော့နန်းတွင်းစာစစ်ပွဲရှိလို့မလာအားဘူးလေ။

''အား လှလိုက်တာ ကြာတွေပွင့်နေပြီ''

ချွမ်ရွေ့ပုံမှန်ရေချိုးနေကြရေကန်လေးဆီရောက်တော့ကြာပွင့်တွေတောင်ပွင့်နေပြီဖြစ်သည်။ရေကန်ဘေးကတောင်ဝှေ့ပန်းပင်ကြီးဟာလည်းလှလှပပဖူးပွင့်နေပြီဖြစ်သည်။ချွမ်ရွေ့ပန်းတစ်ပွင့်လောက်လိုချင်ပေမဲ့ခြေထောက်ကနာနေသည်။ပြီးတော့မိုးဖွဲလေးတွေကရုတ်တရက်ကြီးရွှာချလာတာမို့ချွမ်ရွေ့သူ့ဝတ်ရုံအနားစလေးနဲ့အုပ်လိုက်သည်။ဒါပေမဲ့ဝတ်ရုံလက်အနီတစ်ခုကသူ့ခေါင်းပေါ်ကနေထပ်ပြီးအုပ်လာတာမို့ ချွမ်ရွေ့အလန့်တကြားလှည့်ကြည့်လိုက်မိသည်။

✨nuestro destino✨Where stories live. Discover now