5

210 31 24
                                    


''အမိန့်ဘဲ ငြင်းခွင့်မရှိဘူး''

နားထဲကန့်လန့်ကြီးဝင်လာတဲ့အသံနဲ့အတူရစ်ခီနိုးထလာရတော့သည်။သူအိပ်ပျော်သွားတာလား။တကယ်ပါဘဲ ကင်မ်ဂျီဝွန်းရဲ့အိပ်ရာထဲမှာတဲ့ရှက်လိုက်တာ။အဲ့တာထက်ကင်မ်အွန်းမျက်နှာကကင်မ်ဂျီဝွန်းရဲ့မျက်နှာဆိုတာသေချာတယ်။ငိုချင်လိုက်တာဘယ်ဘဝကရေစက်ဆိုးမှန်းကိုမသိဘူး။

''ရှန် နိုးရင်ထ ငါ့အိပ်ရာပေါ်ကနေ မသိရင်ငါ့မိန်းမကျနေတာဘဲ''

''ခင်ဗျားနော်''

နှုတ်ခမ်းလေးဆူပြီးရစ်ခီထထိုင်လိုက်တော့ကင်မ်ဂျီဝွန်းကသူ့ကိုမကြည်သလိုလေးကြည့်လာသည်။

''ဘယ်အချိန်ထဲကအိပ်ပျော်နေတာလဲ ရှန်''

''ရှန်မင်းသားငယ်လေးရေချိုးနေတဲ့အချိန်''

''တော်သေးတယ် သိပ်မလွတ်သွားဘူးဘဲ ရေချိုးနေတဲ့အချိန်ကင်မ်အွန်းရောက်လာတယ် ပြီးတော့သူမိဖုရားကို မင်းသားငယ်ကပြုစားထားတာလားလို့စွပ်စွဲတယ် ပြီးတော့နောက်နေ့အမဲခလိုက်ပွဲလိုက်ဖို့အတင်းဖိအားပေးလာတယ် အဲ့တာဘဲ''

''အော်''

''ပြန်ဖတ်ချင်သေးလား''

''တော်ပြီ ပြန်တော့မယ် ဒီနေ့အတွက်ကျေးဇူးပါ''

ကုတင်ပေါ်ကနေထပြေးသွားတဲ့ရစ်ခီကြောင့်ဂျီဝွန်းကြောင်တောင်တောင်လေးဖြစ်ကာကျန်ခဲ့ရတော့သည်။ဘာထဖြစ်မှန်းကိုမသိဘူး တကယ်။

....

''ကောရေ နတ်ဆရာမဆီလိုက်ပို့ပေးပါလို့''

''ဘာသွားလုပ်မလို့လဲ ရစ်ခီရှန် မင်းအဲ့လိုဟာတွေမယုံဘူးမဟုတ်ဘူးလား''

''အခုယုံတယ် လိုက်ပို့ပေး''

''ခဏနေ သွားမယ်နော်''

''ကော အဲ့လိုတွေ့တွန့်ဆုတ်နေလို့ ကောရဲ့Keita kunပြန်မကြိုက်တာမလား''

''ဘာတွေလာပြောနေတာလဲ ငါကသူ့ကိုပြန်မကြိုက်တာပါနော်''

ရစ်ခီ့ရဲ့တစ်ဝမ်းကွဲအကိုဖြစ်တဲ့ဝမ်ကျစ်ဟောက်ရဲ့စကားကြောင့်ရစ်ခီကြိတ်ရယ်လိုက်သည်။ပေါ်တင်ရယ်လို့လည်းမရ တော်ကြာနေ လိုက်မပို့ဘဲနေအုံးမယ်။

✨nuestro destino✨Onde histórias criam vida. Descubra agora