ep 1

595 21 0
                                    

"သူကြီး ဗျို့ သူကြီး"

"ဟ ချောငယ် ဘာဖြစ်တာတုန်း အလောတကြား အနောက်က ကျားလိုက်လာသလား"

"သူကြီးဗျာ အရေးထဲ နောက်ပြီး သူကြီးသမီး မောင်မောင် ကြက်၀ိုင်းမာရန်ဖြစ်နေလို့ဗျ လိုက်ခဲ့ပါအုံး"

"ဘာ နှောင်းခေတ္တာမောင်!!!!"

ကြက်ပွဲသွားသည့် လမ်းတစ်လျှောက် သူကြီးတစ်နောက် တစ်လမ်းလုံး ပါးစပ်ကနေ ပွစိပွစိပြောလာတာ ပဠာန်းရွက်နေသလား မှတ်ရတယ် တစ်လမ်းလုံးမနားဘူး နွယ်ချောငယ်ကတော့ အမြင်မသင့်လို့ လာတိုင်ပေမဲ့ မောင်မောင့်ကိုလန့်နေသည့် ပုံစံဖမ်းနေသည် ပြောရင်းဆိုရင်း ရန်ပွဲသို့ရောက်ရှိလာပြီ သို့သော် သူကြီးရောက်လာတောင် ရန်ပွဲကမပြီး သူကြီးသမီးကိုယ်တိုင် ထဘီကတောင်းကျိုက်ပီး နပန်းလုံးနေသည့်ပွဲပင်ဖြစ်သည်။

"အားလုံးရပ်ကြ သူကြီးရောက်ပြီ"

နွယ်ချောငယ် အသံနေအသံထားဖြင့် ဟောက်လိုက်ရာ မောင်မောင်မှ ပြောလာသည်"

"အဘကို ခနနေအုံး ဖြစ်လို့မပြီးသေးဘူးလို့"

"မောင်မောင်"

"ဟာအဘရာ ဘာလဲဗျာ"

"ဘယ်လိုဖြစ်ကြတာတုန်း မိန်းကလေးတွေ တန်မဲ့နဲ့ လမ်းမှာ ထဘီခါးတောင်းကျိုက်ပြီး ရန်ဖြစ်စရာလားဟမ်မောင်မောင်"

"သူကြီးသမီးက ကြက်ကို ရိုးရိုးမှ မတိုက်တာ"

"ဟ ရိုးရိုးမတိုက်ရအောင် ငါ့သမီးက ဖင်လှန်တိုက်နေလို့လား"

"သူကြီးကို ကျုပ် ပြော ပြော ပြော ပြော ပြ ပြ မယ် မောင်မောင်မောင်မောင်က"

"ဟိတ်ကောင် အမလေး ငကျော် မင်းမင်း မင်းဟာမင်းပြောတာတဲ့ငါတောင်ရောင်ကုန်ပြီ"

"သူ သူ သူ သူကြီး ကျုပ် ကျုပ် ကျုပ်ကိုမလှောင်နဲ့နဲ့နော်"

"မင်းတိတ်စမ်း မင်းပြောရင် ငါရွာလည်မှာ အ်ပ်ရတော့မယ်"

"ဘယ်လိုစဖြစ်တာလဲ"

"ဒီလိုပါ သူကြီး သူကြီးသမီးက ကြေးမြင့်ပြီး ကြက်တ်ုက်ပါတယ် သူကြက်ရှုံးခါနီးတော့ ကျုပ်တို့ကြက်ကိုကန်ထုတ်တာပါပဲ"

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Où les histoires vivent. Découvrez maintenant