ep8

182 16 2
                                    

ပြန်လာပေးပါ တောင်းတသော်ငြား မျှော်လင့်ထားလို မှတ်ပါ့မလား မမသွယ်စီ ပြန်လာခဲ့ပါ မောင်မောင်ရယ် မောင်မောင်လက်ကိုရဲရဲတွဲပါ့မယ် ဒီသတ္တိကြောင်ခဲ့တဲ့အတွေးတွေကြောင့် မောင်မောင်နဲ့မဝေးချင်ဘူး မောင်မောင်ရယ် ပြန်လာခဲ့ပေးပါ။

ဦးလွန်းမောင်တစ်ယောက် အရေးပေါ်အခန်းရှေ့တွင် ပြာယာနေကြသည် မောင်မောင်အရေးပေါ်အခန်းထဲ၀င်သွားတာ ၂နာရီကြာသော်ညား အသိထိ ထွက်လာသေးပေး။

"လူနာရှင်လား မသိဘူးရှင့်"

"ဟုတ်ပါ့တယ် ခဗျ မောင်မောင်အခြေနေလည်း ဘယ်လိုနေပါသလဲဆရာမ"

"လူနာက ဓားနဲ့ပဲ အထိုးခံရတာဆိုပေမဲ့ ဒဏ်ရာက နည်းနည်းနက်သွားတာကလွဲရင် စိုးရိမ်စရာမရှိတော့ပါဘူး"

"ရှင် ဒါဆို အခြေနေကောင်းတယ်ပေါ့နော်"

"ကောင်းပါတယ် လူနာကို သိပ်ပြီး လုပ်လုပ်ရှားရှားမလုပ်ခိုင်းပါနဲ့ မနက်ဖြန်ဆင်းလို့ရပါတယ် လူနာကို အနားယူခိုင်းပါ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမလေး"

ဆရာမလေးသည် ပါးမို့မို့လေးနှစ်ဖက်ရေးနေအောင်ပြုံးပြပြီးထွက်သည် အခုချိန်မှ နှောင်းတို့လည်း သက်ပြင်းကို ပြင်းပြင်းချရဲတော့သည်။

"ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် ဖေဖေ့ကလေးလေးရယ်"

ဦးလွန်းမောင် မောင်မောင်နှဖူးလေးကိုင်ကာ သူ့ကလေးလေးအား တစ်စိမ့်စိမ့်ကြည့်နေလေသည် အတော့်ကို မျက်နှာလေးချောင်ကျသွားလိုက်လေခြင်း။

_______
"ဒီက မောင်မောင်ဆေးရုံက ဆင်းရမဲ့ရက် အကြာကြည်သာ သွားမလို့ နွယ့် လိုက်အုံးမာလားဟင်"

"ဟန်"

"​ဟန်ရှိတယ် နွယ်"

"အစောပြောခဲ့တာတွေ တကယ်ပဲလား"

"ဘာကိုလဲနွယ် ဟန်နားမလည်ဘူး"

"မောင်မောင် မမသွယ်ပေါ်မာမေတ္တာရှိနေတာတဲ့ ပြီးတော့ ဟန်ကရော နွယ့်အပေါ်မာ..."

ကြည်သာဟန် မျက်နှာပျက်သွားသည် နွယ်ကို မသိစေချင်တဲ့ ကိစ္စမာ ဘယ်လိုဖြစ်လို့သိသွားရတာပါလဲ။

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now