နှောင်းတစ်ယောက် သွယ်အကြိုက်လေးတွေ ချက်ပြီး ညစာအတွက်ပြင်ဆင်နေလေရဲ့ ထိုအချိန် ဦးလွန်းမောင် ဆင်းလားပြီး။
"အချစ်ကလေး ဘာတွေလုပ်နေတာတုန်း"
"အို မောင့် ဘယ်လ်ုခေါ်တာတုန်းရှင်"
"မောင့် အချစ်ကလေးမို့ အချစ်ကလေးလို့ ခေါ်တာလေ အချစ်ကလေးရဲ့ ဘာတုန်း မောင့်ကအချစ်ကလေးလို့ ခေါ်တာကို အချစ်ကလေးကမကြိုက်လို့လား အချစ်ကလေးမကြိုက်ရင်လည်း အချစ်ကလေးလို့ နောက်မခေါ်တော့ပါဘူး အချစ်ကလေးရယ်"
"ကိုလွန်းမောင် ရှင်တော့တာ နားထဲက ကန့်လန့်ကြီးရှင် အချစ်ကလေးတွေက်ု ထပ်နေတာပဲ မောင်မောင် ညစာစားမယ် သွယ့်ကိုပါ ခေါ်လာခဲ့"
မောင်မောင်နှင့်သွယ် နှောင်းအသံကြောင့် အောက်ထက်ကို ဆင်းလာခဲ့သည် နှောင်းထမင်း၀ိုင်းပြင်နေတာသွယ်ကူချင်ပေမဲ့ ၀ိုင်းလုပ်တာ မမနှောင်းကလက်မခံ ဧည့်၀တ်ကျေချင်လို့ပါရဲ့တဲ့လေ။
"သွယ် ထည့်စားနော် ကိုကိုမိန်းမကိုယ့်တိုင်ချက်ထားတာ လက်ရာလေးက ရှယ်"
"မောင့် ရှင်ဘာဖြစ်နေတာလဲ သွယ်စားနော် မမနှောင်းက သွယ်ဘာကြိုက်တက်မှန်းမသိလို့ နောက်နေ့စားချင်တာလေးရှိရင် ပြောနော်သွယ်"
"ဟုတ်ကဲ့မမနှောင်း"
"ဒါနဲ့သွယ်က ဒီကိုဘယ်လောက်ထိ အလည်သဘောနဲ့လာတာလဲ"
"၂လပါပဲ ကိုကို အဆင်မပြေလို့လား"
"အို သွယ်ကလည်းကွာ ကိုကိုက ဒီတိုင်းမေးတာပါ ဘာအဆင်မပြေစရာရှိလို့လဲ တသက်လုံးနေချင်သပါ့ဆိုလည်း ကိုကိုတို့ကရတယ်"
"တသက်လုံးတော့ မနေပါ့ရစေနဲ့ရှင် သွယ်လည်းကိုကိုတို့လို့ အိမ်ထောင်ပြုအုံးမာပေါ့"
သွယ်စကားကြောင့် ၃ယောက်သား ရယ်စရာဖြစ်သွားပေမဲ့ မောင်မောင်တစ်ယောက်ကတော့ ဆူပုတ်နေလေရဲ့။
"မောင်မောင်"
"ဗျာ"
"ထမင်းတွေ နူးကုန်ပြီ"
"ဟာဗျာ မေမေကလည်း မနောက်နေနဲ့ တော်ပြီ အပေါ်တက်တော့မယ်"
"ကုန်အောင်စားလေ မောင်မောင် နည်းလှချည်လား"