ep9

170 13 2
                                    

၃နှစ်တာရီ ကြာခဲ့ပြီ~~~~~~~

သွယ်နှင့် မောင်မောင်ကိစ္စအား မိဘများပင် အသိပေးခဲ့သော်လည်း တစ်ယောက်မှ မကန့်ကွက်ခဲ့ပေ။ဒေါ်သီတာဟန်သည် သူ့သမီးအား စိတ်ချမ်းသာရင်ရပြီဆိုပြီး ပြောခဲ့သလို ဦးလွန်းမောင်တို့လည်း မောင်မောင်သဘောဆိုပြီး နေခဲ့ကြသည်။

"မောင်"

"ဗျာ"

"မမသွယ် နေရတာ တမျိုးကြီးကွယ်"

"နေများမကောင်းသလားမမသွယ် အခုဘယ်လိုဖြစ်နေလဲ မောင့်ကိုပြော"

"မသိဘူး မမသွယ်ဖျားချင်နေတယ်"

"မေမေရေ မေမေ!"

"ရှင် မောင်မောင်တို့ဘာဖြစ်ကြတာတုန်း"

မောင်မောင်ခေါ်သံကြောင့် နှောင်းလဲ့နွေးတို့ အပေါ်ထပ်အမြန်ပင်ပြေးတက်ခဲ့ကြသည်။

"မမသွယ် နေမကောင်းတို့ ဆေးလေးလုပ်ပေးပါအုံး မဟုတ်ရင် မောင်မောင်မိန်းမဖျားလိမ့်မယ်"

"အို မောင်"

မောင်မောင်ပြောလိုက်သောစကားကြောင့် ဦးလွန်းမောင် မျက်စောင်းကျလာသလို နှောင်းသည်လည်း မျက်စောင်းထိုးမိသည် သွယ်ကတော့ ကုတ်နေရှာသည် ဒီကလေးဘယ်လိုတောင် ပြောရဲဆိုရဲသလဲ။

____

"ဒီနေ့လည်း နောက်ကျတယ်နော် ကြည်သာ"

"အလုပ်ကို အပြီးဖြတ်နေလို့ပါ မေမေ"

"ကြည်သာ မေမေစီ ခနလာပါအုံး မေမေသမီးလေးရယ်"

ကြည်သာ ဒေါ်သီတာဟန်စီ ခပ်ဖွဖွလေး လျှောက်လာခဲ့သည်။ဒေါ်သီတာဟန်သည် ကြည်သာအားဖွဖွလေး ရင်ခွင်ထဲ ဆွဲသွင်းကာ။

"၃နှစ် ၃နှစ်ရှိခဲ့ပြီ မေမေသမီးလေး အပြုံးအရယ် မရှိခဲ့တာ ၃နှစ်ကြာခဲ့ပြီ"

ကြည်သာကိစ္စအား သီတာဟန်သိသည် သွယ်တို့စီကနေ ဖုန်းတောင်မဆက်ပဲ အိမ်ကို ချက်ချင်းပင်ပြန်ရောက်လာခဲ့သည်။ အဖြစ်မှန်ကို သိပြီးနောက် ကြည်သာအား စိတ်လျော့ဖို့ဖြောင်းဖျခဲ့ယုံကလွဲပြီး သီတာဟန် မတက်နိုင်။ဒုတ်နဲ့ရိုက်ပြီးဆုံးမရမည့်အရွယ်လည်း မဟုတ်ပေ။ဟုတ်သော်ငြား သူ့သမီးတွေက သူ့စကားကိုမြေ၀ယ်မကျနားထောင်သည့်ကလေးတွေပင်ဖြစ်သည်။

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now