ep4

186 11 0
                                    

မောင်မောင်ဒီကနေ့ စောစောထရအုန်းမည် အိပ်ရေးပျက်မှာနိုး၍ တစ်ခါမှ စောစောမထဘူးသော်ညား မမသွယ်က ဧည့်သည် ထိုကြောင့် မောင်မောင် ကတိမဖြတ်လိုပါ။

"မေမေ ဘာတွေလုပ်နေတာလဲ"

"မောင်မောင် အစောကြီးနိုးလို့ပါလား ကလေးရယ် မေမေကလေးလေး ဘာတွေမွှေအုံးမလို့လဲ"

"မေမေတို့ကလည်းဗျာ မောင်မောင်လိမ္မာနေပါပြီ လူကိုအထင်သေးလိုက်တာဟွန့်"

"မောင်မောင်"

"ဗျာ"

"စောစောစီးစီး ငါ့အချစ်ကလေးကို ဘာတွေဒုက္ခပေးနေတာလဲ"

"လာပြန်ပြီ ဖေဖေရာ ဖေဖေတို့ကလေ မောင်မောင်ကိုဆို သိပ်အထင်သေးကျတာပဲ အပေါ်ပြန်တက်ပြီ"

ထိုသို့ပြောပြီး မောင်မောင်အပေါ်ပြန်တက်ချိန်။

"ညကလေ ဖေဖေတို့အခန်းကနေ မောင်အပေါ်ကနေသိပ်မကြမ်းနဲ့လေ အရမ်းနာတယ် မအောင့်လာပြီ အခုလိုဖြစ်နေတာ  သွယ်တို့ကြားရင် မကောင်းဘူးဆိုတာ ဘာကိုပြောနေတာလဲဟင်"

ထိုစကားအကြား ဦးလွန်းမောင် သောက်လက်စရေပဲ သီးသွားခဲ့သည်။

"ညက မောင်မောင်ဖေဖေလေ မေမေညောင်းလို့ နှိပ်ခိုင်းတာကို နင်းပေးမယ်ဆိုပြီ ညောင်းလာတာကို မေမေက မဆင်းနဲ့ဆက်နင်းပေးလို့ပြောလို့ တက်ခုန်နေတာ ကြားလို့လည်းမကောင်းဖူး"

"ထင်သားပဲ မယားကြောက်ဆိုတာ"

"အဖေကို အလိုပြောစရာလား နှောင်းခေတ္တာမောင်"

ဖေဖေစိတ်ဆိုးနေတာသိသ၍ မောင်မောင်တစ်ယောက်အပေါ်သို့ပြေးတက်လာခဲ့လေသည်။

______________________________________
"မေမေ"

"ဝေ ကြည်သာလေး ဘာပြောမလို့လဲ"

"ကြည်သာလည်း မမနှောင်းတို့ရွာ ရောက်ဖူးချင်တယ် မေမေ"

"ကြည်သာလေး အဆင်ပြေရင် သွားလေ ဒီမာ ဟန်သာဦးလည်း ရှိနေတာပဲ မေမေအဆင်ပြေပါတယ် ​ကြည်သာလေး လိုက်သွားရင် သွယ်တစ်ယောက်ထဲ ဖြစ်မနေတော့ဘူးပေါ့"

ဟန်သာဦးဆိုသည်မာ တခြားသူမဟုတ် မေမေမောင့် ဦးမင်းဟန်နိုင်၏သား ကြည်သာတို့၏ မောင်း၀မ်းကွဲပင်။

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now