ep10

180 17 1
                                    

"ကြည်သာ"

"ဗျာ မေမေ"

"မေမေတို့သွယ်တို့စီသွားရအောင်"

ထိုစကားကြောင့် ကြည်သာမျက်နှာကွက်ခနဲပျက်သွားသည်။နွယ်ရှောင်ရလိမ့်မယ်ဆိုသော စကားကို သူအခုထိ အမှတ်ရနေဆဲပင် သူလာလျှင် နွယ်ရှောင်လိမ့်မယ် နွယ်ရှောင်လျှင် သူရင်ကွဲမည်အသေအချာပင်။

"ကြည်သာမလိုက်နိုင်ဘူး မေမေ"

"လိုက်ခဲ့ရမယ်ကြည်သာ ဒါမေမေစကားပဲ"

မေမေ၏အမိန့်သံပါသော စကားအား ကြည်သာမတက်နိုင်ပေ ခေါင်းညိမ့်ယုံသာ လုပ်နိုင်ခဲ့သည်

~~~~
"မောင်"

"ဗျာ့ မောင့်မိန်းမကလေး"

"မောင်ဟာလေ သိပ်ကိုပါးစပ်သရမ်းတာပဲ"

"ဟဲ့ဟိုဟာတွေ မိုးမလင်းသေးဘူး"

သူကြီးထဟောက်တော့မှ သွယ်တို့တိတ်သွားသည်။

"ဒီနေ့ မေမေတို့လာမာ သွားကြိုရအောင် မောင်"

"မိန်းမသဘော"

မောင်ဟာသိပ်ဆိုးသည်။သို့သော် သွယ်စကားကို ဘယ်တော့မှ နားမထောင်ပဲမနေခဲ့။သွယ်တစ်ခွန်းဆိုလျှင် တစ်ခွန်းဆိုသော ကလေးပင်"

"ဒါနဲ့လေ မောင်တို့တွဲလာတာ၃နှစ်ကျော်ပြီနော် မမသွယ်"

"ဟုတ်တယ်လေ မမသွယ်သိတာပေါ့"

"မောင်ကိုတစ်ညတစ်လေတော့ ခွင့်ပြုပါလားမမသွယ်"

"မောင် ခြင်ထောင်အပြင်ဘက်ထွက်အိပ်ချင်လို့လား"

သွယ်စကားကြောင့် အကြမ်းရည်သောက်နေသော ဦးလွန်းမောင်သည် ရေပင်သီးသည်အထိ ထရယ်ပါတော့သည်။မောင်မောင်မျက်နှာကြီးဆိုလျှင် မှောင်မဲ၍ပြိုတော့မည့်အတိုင်းပင်။

~~
"လာပါ လာပါ ဒေါ်ဒေါ်"

"အေးကွယ် မောင်လွန်းမောင်တို့ရော အဆင်ပြေရဲ့လား"

"ပြေပါတယ်ဒေါ်ဒေါ်ရာ ကျုပ်ဖြင့် ပြန်တွေ့ပါတော့မလားတောင် တွေးနေတာ သိပ်ကို၀မ်းသာတာပဲ"

"နှောင်းရောပင် ဒေါ်ဒေါ် နှောင်းလေ ဒေါ်ဒေါ်တို့ကို သိပ်ကိုကျေးဇူးတင်တာပဲ"

မေတ္တာနွံကျွံ့ခဲ့ပါလျှင်Where stories live. Discover now