နှောင်းတစ်ယောက် အိမ်ရှေ့တွင် ဆန်ဖြာနေတုံး ဟောတွေ့လိုက်ပါပြီ ချောငယ်လေးနဲ့ ရွာထဲမာ ပြဿနာရှာပြီး ပြန်လာတာထင်တယ် ထိုအချိန်တွင်။
"ဟလို ဘယ်သူလဲမသိဘူးရှင့်"
"အမနှောင်း သွယ်ပါ သွယ်သာဟန်"
"ဟယ် သွယ်လေး အမဆီကို ဆက်သွယ်လို့ပါလား"
"ဟုတ်တယ် အမနှောင်း သွယ်မေမေက ကြည်သာနဲ့ သြဇီဘက် ခနပြန်မယ်ပြောတယ် အတာသွယ်မလိုက်ချင်လို့"
"ဆိုတော့ မမနှောင်းတို့ရွာ လာလည်ချင်တယ်ပေါ့"
"ဟုတ်တယ်ရှင့်"
"အမလေး ကြိုဆိုရှက်ပါရှင် သွယ်လေးလာရင်တော့ အိမ်ကအမွှေစိန်လေးနဲ့ကတော့"
"ဘယ်သူလဲ အမ"
"ဘယ်သူရှိရပါ့မလဲ အမသမီးနှောင်းခေတ္တာမောင်ပေါ့ရှင်"
"အမနှောင်းမာ ကလေးရှိတာလား"
"ဟယ်သွယ် မသိဘူးလား ကဲထားပါ လာရင်သိမာပေါ့"
"ဒါဆ်ုဒါပဲနော် အမနှောင်း"
"ဟုတ်ကဲ့ရှင့်"
ဒေါ်နှောင်းလဲ့နွေးတစ်ယောက်ဖုန်းပြောလို့အပြီး ကိုမောင်မောင်တစ်ယောက် ဘေးမှစပ်စုနေတယ် မေမေပြောသော သွယ်ဆိုတာ ဘယ်သူလဲ ဘယ်ကလဲ ဘာလာလုပ်မာလဲ သူ့ခေါင်းထဲမာ အတွေးမှားစွာနဲ့။
"ရားး ငါနဲ့မှ မဆိုင်တာ ချောငယ်"
"ဝေ"
"သရေကွင်း သွားပစ်ရအောင်ဟာ"
"ဖြစ်ပါ့မလား ဒီတစ်ခါရန်ဖြစ်ရင် ငါပါထိပ်တုံးအခတ်ခံရမာ"
"နင်ဘာတွေကြောက်နေတာလဲ ငါ့အဘက လေပဲရှိတာ မေမေတစ်ခွန်းပြောရင် တုန်နေတာပဲ မယားကြောက်ကြီးလေ"
"မောင်မောင်"
"ဘာလဲ"
"နင့်အနောက်မှာ"
"ငါ့အနောက်မာ ဘာလဲ ငါ့အဘလား ဟားဟား"
"အေး နင့်အဖေ လွန်းမောင်ဟေ့ နင်ပြေးစမ်း မောင်မောင်"
ဦးလွန်းမောင်တစ်ယောက် ကြိမ်လုံးတစ်လုံးနဲ့ မောင်မောင်အား ကြိမ်း၀ါးနေသည်။