219-230

248 20 4
                                    


#chapter219
ဝန်ကြီးရှဲ့၏ လည်ပတ်မှု

မုရုံရွှယ် ခေါင်းမော့ကာ စုန့်ချင်းယန်ကို ကြည့်ပြီး သာမန်ကာလျှံကာ ဖြေလိုက်သည်။
"စစ်သူကြီးစုန့်က နင့်အဖေပဲ ငါက သူ့ကို ရပ်ခိုင်းပြီး နင့်ကို ပြန်ခေါ်လို့ ရလောက်တဲ့ နေရာမှာ မဟုတ်ဘူး"

"ငါ့အမေက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ သူမက ငါ့ကို စစ်သူကြီးအိမ်တော်မှာ နေပြီး သူမကို ပြုစုစေချင်နေတာ ငါသူမကို မထားခဲ့နိုင်ဘူး"
စုန့်ချင်းယန် စိုးရိမ်ပူပန်မှုတွေပြည့်ကာ ကယောင်ခြောက်ခြား ပြောနေ၏

သူမစကားများကို မခံစားရသည့်အလား မုရုံရွှယ် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါဆို ငါ နင့်အမေကို ခေါ်ခိုင်းလိုက်ပြီး ပြောခိုင်းလိုက်မယ်"

"သူမက ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာ သူမဘာသာ လမ်းမလျှောက်နိုင်ဘူး"
စုန့်ချင်းယန် မျက်ရည်ကျလုမတတ် ပြောသည်။

သူမရဲ့ ဝမ်းနည်းမှုတွေကို လျစ်လျူရှုကာ မုရုံရွှယ် ခံစားချက်မဲ့စွာ ပြောသည်။
"ဒါဆိုလည်း ငါ နင့်အဘွား၊ ဦးလေးနဲ့ အဒေါ်ကို သတင်းပို့ပေးမယ် သူတို့က အကြီးတွေဆိုတော့ နင်ဒီမှာ နေဖို့ ဆုံးဖြတ်လို့ရတယ်"

ထိုစုံတွဲကို မျက်နှာချင်းဆိုင်ပေးလိုက်ရင် သူတို့သမီးရဲ့ လျို့ဝှက်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဒေါသတကြီး တိုက်ခိုက်ကြမှာ အသေအချာပင်။ ဘယ်လိုပဲဖြစ်ဖြစ် မုရုံရွှယ်ကတော့ သူမကိုယ်သူမ ဒီပြဿနာထဲ ဆွဲထည့်ကာ ငြင်းခုံနေမှာ မဟုတ်ပေ။

"အဘွားက သိပ်နေမကောင်းလို့ အိပ်ယာထဲ လှဲနေတယ် ဦးလေးနဲ့ ဒေါ်လေးက အပြင်ထွက်သွားတယ်"
စုန့်ချင်းယန် သူမရဲ့ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မုရုံရွှယ်ကို သနားစဖွယ် ကြည့်နေသည်။

တိုက်ဆိုင်လိုက်ပုံများ! စုန့်ချင်းယန် ဒုက္ခနဲ့ လှလှ တွေ့နေချိန် သူမဘက်က ရပ်တည်ပေးမဲ့သူ ဘယ်သူမှ မရှိပေ။ သူတို့က သူမ(မုရုံရွှယ်)ကို ဒီပြဿနာကြီး လွှဲပေးပြီး စုန့်ထျန်းဝမ်နဲ့ တိုက်ခိုက်နေတာကို ကြည့်နေဖို့ စီစဉ်ထားသလားပဲ ဒါက သူတို့ရဲ့ ဉာဏ်ကောင်းတဲ့ အတွေးဖြစ်နိုင်ပေသည်။

မကောင်းဆိုးဝါးမင်းသားနှင့် သူ၏အဖိုးတန်ချစ်ဇနီး အတွဲ (၁)Där berättelser lever. Upptäck nu