#chapter244
အရိပ်ကိုယ်ရံတော်များကို ရှာဖွေခြင်းမုရုံရွှယ်ရဲ့ စူးစိုက်ကြည့်နေမှုကို ပြန်ကြည့်ရင်း အိုးရန်ရဲ့ နက်မှောင်တဲ့ မျက်ဝန်းထဲ ပြောမပြနိုင်တဲ့ ရယ်မြူးရိပ်လေး သန်းလာသည်။ သို့ပေမဲ့ ခဏအတွင်း ပျောက်ကွယ်သွားတာကြောင့် ပြောပြဖို့က ခက်လှသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လှည်းက လှည်းပဲလေ အရမ်းနှေးကွေးတဲ့အပြင် ခလုတ်ကန်သင်းက များသေး""...."
"ဒါဆိုလည်း ကျွန်မတို့ စောင်တွေအများကြီး ယူသွားပြီး လှည်းရဲ့ ဘေးနှစ်ဖက်လုံးကို ပိတ်ထားလိုက်မယ် ဒါဆို ရှင် မခုန်တော့ဘူးပေါ့"
မုရုံရွှယ် စိတ်ထဲရှိရာ ထုတ်ပြောလိုက်သည်။"တကယ်လား"
အိုးရန်ရဲ့ မျက်ခုံးနှစ်ဖက် ကျုံ့တက်သွားသည်။ သူ သံသယရှိနေဆဲပင်။"ဒါပေါ့ ကျွန်မက လိမ်စရာလား အချိန်မစောတော့ဘူး သွားရအောင် လာ သွားမယ်"
မုရုံရွှယ် ပြုံးကာ အိုးရန်ရဲ့ လက်မောင်းမှ ကိုင်ပြီး ဆွဲထူလိုက်သည်။ ပြီးနောက် သူ့ကို တဲအတွင်းကနေ တွန်းထုတ်ပြီး လှည်းပေါ် တက်ခိုင်းလေ၏လှည်းက စစ်စခန်းထဲက အနှောင့်အယှက်မရှိဘဲ ထွက်ခွာလာပြီးနောက် ပြန့်ပြူးတဲ့ လမ်းမပေါ် ရောက်လာသည်။
မုရုံရွှယ် ပြတင်းပေါက်ရှေ့ ထိုင်ကာ ကန့်လန့်ကာကို အသာမလိုက်သည်။ ညကောင်းကင်ယံမှာ သာနေတဲ့ လရောင်ကတဆင့် အပြင်ဘက် ညရှုခင်းတွေကို ကြည့်နေဆဲမှာပင် သူမပခုံးက ရုတ်တရက် နိမ့်စောင်းသွားသည်ကို ခံစားမိလိုက်သည်။
အိုးရန်က သူမဘေး လာထိုင်ပြီး သူမပခုံးပေါ် ခေါင်းလာမှီလေသည်။ မုရုံရွှယ် နားမလည်နိုင် ဖြစ်သွားကာ
"အိုးရန် ရှင်ဘာလုပ်နေတာလဲ""အနားယူနေတာလေ"
အိုးရန် အသာပြောလိုက်ကာ သူ့အသံက ပေါ့ပါးပြီး ပျင်းရိနေလေ၏"ကောင်းကောင်းအနားယူချင်တယ်ဆို ကိုယ့်ဘာသာ အနားယူလေ ကျွန်မပခုံးပေါ်မှီပြီး ဘာလုပ်နေတာလဲ"
အကျိုးအကြောင်းမသင့်တဲ့သူ့ကို မုရုံရွှယ် ကြည့်လိုက်သည်
(သွင်တို့ရွှယ်အာလေးက အရင်ဘဝက နှစ်တစ်ထောင်FAထင်တယ်😓😷)
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနှင့် သူ၏အဖိုးတန်ချစ်ဇနီး အတွဲ (၁)
Historical Fictionအချိန်ခရီးသွား ပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့ သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးက ကျန်းမာရေးချူချာတဲ့သခင်မလေး လာဖြစ်တယ် သူမနဲ့ စေ့စပ်ထားတဲ့အမျိုးသားကလည်း သူမကို ငဲ့ကွက်ခြင်းမရှိဘဲ ကြင်ယာတော်အဖြစ်ကနေ အဆင့်နိမ့်တဲ့ ကိုယ်လုပ်တော်ရာထူးကို...