242-250

173 14 5
                                    

#chapter242
ဆေးလာပို့ခြင်း

ဗိုလ်ချုပ်ကျန်း ကြည့်လိုက်သည်
"ဘယ်လိုပြောနိုင်တာလဲ"

"တောအုပ်ထဲမှာ ရွှံ့ဗွက်အိုင်တွေ အစုလိုက်အပြုံလိုက် ရှိတယ် စစ်တပ်ကသာ ချဉ်းကပ်လာမယ်ဆို ရွှံ့ဗွက်ထဲ ကျမှာ အသေအချာပဲ လက်ရွေးစင်အနည်းငယ်ကိုပဲ စေလွှတ်မယ်ဆို တောအုပ်ရဲ့ တောင်ပိုင်းကို ရောက်သွားမှာ သူတို့ ဖမ်းလာမယ်..."
မုရုံရွှယ် မျက်လုံးများ မှိန်ဖျော့လျက် တိုးတိတ်စွာ ဆိုနေ၏

တောအုပ်ထဲက ထောင်ချောက်တွေ တောင်ပိုင်းရှင်းကျန်းစစ်သည်တွေက တောအုပ်အပြင်မှာ သာမန်ဆန်သလို ထင်ရပေမ့ဲ အပြင်အဆင်ကတော့ အရမ်းပါးနပ်ပေသည်။ ဒါကြောင့် ချင်းရန်စစ်သည်တွေ ဒီတောအုပ်ကို ဖြတ်မသွားနိုင်တာ ဖြစ်သည်။ ဒေသတွင်းက လူအနည်းငယ်ကပဲ သုံးထောင်သော စစ်သည်တွေကို ဒီနေရာမှာ ဝါးမျိုလိုက်နိုင်ပေမည်။ ကုန်းချန်းယွီက တကယ်ကို ရှားပါးတ့ဲ ချုံပင်ပေ။

ဗိုလ်ချုပ်ကျန်း ထောင်ချောက်တောအုပ်ကို ကြည့်ကာ မျက်မှောင်အသာကုတ်လိုက်သည်။ သူတို့ ဒီတောအုပ်ကို ဖြတ်သွားနိုင်ပါ့မလား ဒီနေရာမှာ ပိတ်နေတာ အတော်ကြာနေလေပြီ

လေရူးတစ်အုပ်က တိုက်ခတ်လာကာ ဖိအားအချို့ကို သယ်ဆောင်လာသည်။ နွေရာသီဆိုတာ သိသာပေမ့ဲ လူတွေကတော့ မြဲမြံနေဆဲပင်။ လက်ထောက်တစ်ဦးက စိုးရိမ်စွာ ပြောလိုက်သည်
"ဗိုလ်ချုပ်ကျန်း အချိန်မစောတော့ဘူး အရင်ဆုံး စစ်စခန်းကို ပြန်ရအောင် ပြီးမှ အချိန်ယူပြီး ကြည့်ကြတာပေါ့"

"ကောင်းပြီ"
ဗိုလ်ချုပ် ခေါင်းညိတ်ကာ နောက်လှည့်ပြီး ခြေလှမ်းကျယ်ကြီးန့ဲ ထွက်ခွာသွားသည်။ သူ့နောက်မှ လက်ထောက်များက ထပ်ချပ်မကွာ လိုက်ပါသွားကြ၏

မုရုံရွှယ်လည်း တည်ကြည်အေးစက်တ့ဲ မျက်နှာထားန့ဲ တောအုပ်ထဲမှ ထွက်ကာ စစ်စခန်းဆီကို ဖြည်းညင်းစွာ လျှောက်လာ၏

အမှတ်အသားမရှိတ့ဲ မုရုံရွှယ်ခန္တာကို ပေါ်က ရွှံ့တွေက ခြောက်သွေ့နေပြီဖြစ်ကာ မခံနိုင်လောက်တ့ဲ အနံ့အသက်ကို ပေးစွမ်းနေ၏ နှစ်ယောက်သား မျက်မှောင်ကုတ်ကာ ယာယီတဲဆီ အမြန်ပြေးပြီး ရေချိုးကာ အဝတ်အစားလဲရလေသည်။

မကောင်းဆိုးဝါးမင်းသားနှင့် သူ၏အဖိုးတန်ချစ်ဇနီး အတွဲ (၁)Where stories live. Discover now