231-241

148 9 9
                                    

#chapter231
ဇာတ်လမ်းထဲက စစ်တပ်ရဲ့ အတွင်းလှိုက်စားမှု

မနက်ခင်းတိမ်တိုက်က ပြန့်ကျဲနေကာ အမှုန်အမွှားတွေက လွင့်စင်ပျောက်ကွယ်နေလျက် နေရောင်ခြည်ရဲ့ ရောင်စဉ်အလင်းတန်းများက တိမ်တွေကြားက တဆင့် ကမ္ဘာမြေပေါ် ထွန်းလင်းတောက်ပနေ၏

နူးညံ့တဲ့ မီးခိုးပြာဖျော့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မုရုံရွှယ်က အိုးရန်ရှောင်းချန်နဲ့အတူ မြို့တော်ဆီ လျှောက်လှမ်းလာသည်။
"မင်းသား အရိပ်ကိုယ်ရံတော်တွေရဲ့ စုံစမ်းမှုက ဘယ်လိုဖြစ်သွားမှာလဲ"

"သဲလွန်စနည်းနည်းပဲ ရသေးတယ်"
အိုးရန် ညင်သာစွာ ဖြေလိုက်သည် သူ့မျက်လုံးအစုံက ရေကန်ရဲ့ ဟိုးအောက်ခြေက ကြမ်းပြင်လို နက်ရှိုင်းနေပေ၏

မုရုံရွှယ် ခေါင်းညိတ်လိုက်သည်။ အရိပ်ကိုယ်ရံတော်တွေက အလွန့်အလွန်စွမ်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားကာ ဖုံးကွယ်ထားဖို့လည်း အရမ်းကောင်းပေသည်။ နှစ် ဆယ်ဂဏာန်း ကျော်လောက် လူတချို့က သူတို့ကို လိုက်ရှာဖို့ ကြိုးစားခဲ့ဖူးသည်။ ရက်အနည်းငယ်သာ ရှာရသေးတဲ့သူမတို့အတွက် နည်းနည်းလောက်ပဲ ရှာတွေ့တာက အဆိုးကြီးမဟုတ်သေးပေ။

"လျို့ချင်းဖုန်း မင်း သိပ်လွန်မလာနဲ့...."
ကြမ်းတမ်းတဲ့ အော်သံတစ်ခု ထွက်လာသည်။ မုရုံရွှယ် အမြန်လှည့်ကာ ကြည့်လိုက်တော့ ပြစ်မှုရေးရာဌာနတံခါးရှေ့တွင် လူအုပ်ကြီးတစ်စုကို တွေ့လိုက်ရသည်။ ထိုလူအုပ်ရဲ့ နောက်မှာ တဝက်ဖုံး တဝက်ဖော်ထားတဲ့ ပုံစံနဲ့ ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်

မုရုံရွှယ် မျက်လုံးပုတ်ခတ်ကာ လူအုပ်ကြားထဲ ဖြည်းညင်းစွာ ဝင်သွားပြီး လူတွေကို တွန်းဖယ်လျက် အတွင်းကို ကြည့်လိုက်သည် ခန်းမရဲ့ တစ်ဖက်စီမှာ အစောင့်ငါးယောက်က ဓားရှည်များ ကိုင်လျက် ရပ်နေ၏ ဗိုလ်ချုပ်ယွမ်နဲ့ ယွမ်ဖန်ဖေးက ခန်းမအလယ်မှာ ရပ်နေကာ ရှေ့က ခုံပေါ် ထိုင်နေတဲ့ ဝန်ကြီးလျို့ချင်းဖုန်းကို ကြည့်နေသည်။

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လျို့ချင်းဖုန်းက တူသေးသေးလေးကို စားပွဲခုံပေါ် ထုလိုက်ကာ ယွမ်သားအဖကို အပေါ်စီးမှ ပြောလိုက်၏
"ဗိုလ်ချုပ်ယွမ် ယွမ်မိန်းကလေး ဒါက ပြစ်မှုရေးရာဌာနရဲ့ ခန်းမပါ ကျွန်တော်ကလည်း ကိုယ့်အလုပ်ကို ကိုယ်လုပ်နေတာပါ"

မကောင်းဆိုးဝါးမင်းသားနှင့် သူ၏အဖိုးတန်ချစ်ဇနီး အတွဲ (၁)Where stories live. Discover now