Part (2)

437 52 46
                                    

fourth တယောက်အိပ်ပျော်နေချိန် အခန်းထဲကိုgeminiဝင်လာကာ fourthအားကန်လေသည်။geminiရဲ့ကန်ချက်ကအားပြင်းသွားတာကြောင့် fourthကုတင်ပေါ်ကနေ ပြုတ်ကျကာ လန့်နှိုးလာခဲ့သည်။

''ဘာ..ဘာများ..လိုအပ်လို့လဲ အကိုလေး။''(fourth)

''မင်းဒီနေ့ အိမ်မှာမအိပ်နဲ့။တခြားနေရာမှာသွားအိပ်။''(gemini)

''ဘာလို့လဲ။''(fourth)

''မင်းတော်တော်အရစ်ရှည်တဲ့ကောင်ဘဲ။ဘာလို့လဲဆိုတော့ ငါနဲ့ငါ့babyနှစ်ယောက်ထဲ အချိန်ဖြုန်းချင်လို့။သိပီဆို သွားတော့ အခု။''(gemini)

''ဒါပေမဲ့~''(fourth)

''ဒါပေမဲ့ ဘာဖြစ်လဲ။''(gemini)

''ကျနော့်မှာ သွားစရာနေရာမရှိဘူး။''(fourth)

''မရှိလည်း ရှိအောင်လုပ်လိုက်။မင်းရဲ့မျက်နှာအနေအထားနဲ့ဆို သွားစရာနေရာတင်မကဘူး နေစရာအိမ်ပါရလောက်တယ်။''(gemini)

''ဗျာ''(fourth)

''မ ဗျာနဲ့။သွားတော့။''(gemini)

''ဒါပေမဲ့ ''(fourth)

''ငါထပ်မကြားချင်ဘူးနော် Fourth Nattawat!!''(gemini)

fourthသိသည်။geminiဒေါသထွက်နေပီဆိုတာ။အဲတာကြောင့် fourthလည်း ဆက်မပြောရဲတော့ဘဲ ကျလုဆဲဆဲဖြစ်နေတဲ့ မျက်ရည်တေကို ထိန်းကာ အိမ်ကနေ ထွက်လာလိုက်တော့သည်။

(fotလေးရယ် ကျနော့်ရင်ခွင်ထဲမှာလာနေပါ သဲငယ်)

အိမ်ကမထွက်ခင် မြင်လိုက်ရတဲ့မြင်ကွင်းက fourthရဲ့ရင်အစုံကို ဆူးစိုက်ဝင်နေသလို ခံစားရစေသည်။geminiက luciyarဆိုတဲ့ မိန်းကလေးကို လှေကား၌ နမ်းနေသည်ကို fourthမြင်လိုက်ရသည်။အဲ့တာက ပြောပြလို့မရအောင် နာကျင်နေပေမဲ့ ဘာလုပ်နိုင်မှာလဲ။မျက်ရည်ကျရုံသာ fourthတတ်နိုင်သည်။

အနမ်းများ ဖလှယ်နေတဲ့ လူနှစ်ယောက်ကို fourthတယောက်ကျောခိုင်းကာ လှည့်ထွက်လာလိုက်သည်။

**နာကျင်တယ်။အရမ်းဘဲ gemရယ် မင်းငါ့ကိုမချစ်ရင်တောင်တခါလောက် ငါ့ကို ငဲ့ပေးရင်ကောင်းမှာဘဲ။**(fourth)

fourthလည်း သွားစရာနေရာမရှိတာနဲ့ အရင်က သူစိတ်ညစ်နေရင် သွားနေကျနေရာဖြစ်တဲ့ တံတားဟောာင်းလေးရဲ့အနီးအနားလေးမှာရှိတဲ့ သစ်ပင်အောက်၌ထိုင်ချလိုက်ကာ အကြီးအကျယ် အော်ငိုမိတော့သည်။

My Bad OwnerWhere stories live. Discover now