Part (3)

450 51 38
                                    

မနက်မိုးလင်းသော်\\

fourthလည်းညက နွေးနွေးထွေးထွေးနဲ့အိပ်ပျော်သွားရတာကြောင့် မနက်ရောက်ရောက်တော့ လန်းဆန်းနေသည်။fourthလည်းထကာ အိပ်ယာတေကိုသိမ်းလိုက်သည်။အဲ့နောက် ရေချိုးရန်ရေချိုးခန်းသို့ ဝင်သွားလိုက်သည်။fourthလည်းရေချိုးပီးနောက် Norawitအိမ်တော်သို့ ပြန်ရန်သာစီစဉ်လိုက်သည်။fourthလည်းsatangကို နှုတ်ဆက်ဖို့ ဧည့်ခန်းထဲသို့ သွားလိုက်တော့ satang ကမရှိ။မီးဖိုခန်းထဲ ဝင်ကြည့်လိုက်တော့ တွေ့ပါပီ။satang တယောက် အေပရွန်ကြီးဝတ်ကာ မနက်စာအတွက် ချက်ပြုတ်နေလေသည်။ဘယ်လောက်ထဲ စိတ်နှစ်ပီး ချက်ပြုတ်နေလဲမသိ ခုချိန်ထိfourthရောက်လာတာကိုတောင် သတိမမူမိသေးပေ။အဲ့တာနဲ့ fourthဘက်ကဘဲ အသံပေးလိုက်ရသည်။

''p'satang ခပ်။''(fourth)

satangတယောက်ချိုသာလွန်းတဲ့အသံနဲ့ သူမပိုင်ရပေမဲ့အရမ်းချစ်ရတဲ့ ကောင်ကလေးမှန်း လှည့်မကြည့်ရင်တောင် တခါတည်းသိသည်။

**ကြည့်ရတာ ကလေးလေးနှိုးလာပီနဲ့တူတယ်။**

satang လည်းနောက်ကိုလှည့်ကြည့်လိုက်တော့ ကောင်ငယ်လေးက သူ့အားပြုံးပြနေလေသည်။

**ဘယ်လိုတောင်လဲကွာ။ဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲကွာ။ကိုယ့်ကိုရူးအောင်လုပ်နေတာလား ကလေးရယ်။**

satangတယောက်အတွေးတေထဲနှစ်မျောနေတုံး fourthရဲ့အသံသေးသေးလေးကြောင့် သတိပြန်ဝင်လာသည်။

''p'  p'satang..p'satangလို့။''(fourth)

''ဟင်..အော် fotfotပြောလေ။''(satang)

''ကျနော် အိမ်ပြန်တော့မယ်ဗျ။မနေ့က အတွက်ကျေးဇူးတင်ပါတယ်ဗျ။''(fourth)

လှည့်ထွက်ဖို့ ပြင်နေတဲ့ချိန် satangကနောက်ကနေ fourthရဲ့လက်ကို လှမ်းဆွဲလိုက်တာကြောင့် fourthတယောက်ကြောင်သွားသည်။

''ခန..ခနလေး။''(satang)

''ဘာဖြစ်လို့လဲဗျ။''(fourth)

''မနက်စာ စားသွားအုံးလေ။ကိုယ် မင်းအတွက် မနက်စာပြင်ပေးထားတယ်။''(satang)

''ဒါပေမဲ့..ကျနော်။''(fourth)

''ငြင်းမယ်မကြံနဲ့နော် ကိုယ့်ကိုကျေးဇူးတင်ရင် ကိုယ်နဲ့တူတူမနက်စာ စားပါနော်။''(satang)

My Bad OwnerWhere stories live. Discover now