Part(7)

495 55 33
                                    

fourthတယောက်နှင်းဆီပန်းခင်းထဲမှာပျော်နေတဲ့ လူနှစ်ယောက်ကို လျစ်လျူရှုလိုက်ပီး အိမ်တော်ရဲ့အပြင်ဘက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင်ထွက်လည်ဖို့ဆုံဖြတ်လိုက်သည်။ပီးတော့ ဒီနေ့က မိဘမဲ့ဖြစ်နေတဲ့ကလေးလေးတယောက်ရဲ့မွေးနေ့။အဲ့တာကြောင့် အပြင် ထွက်လည်ရင်း သူစုထားတဲ့ပိုက်ဆံလေးနဲ့ ထိုကလေးလေးအတွက် အရုပ်ဝယ်ပေးရန် တွေးလိုက်သည်။အဲ့နောက်fourthလည်း အိမ်အပြင်ထွက်လာလိုက်သည်။အိမ်ပြင်ရောက်တော့ geminiတို့ကိုမမြင်ချင်ယောင်ဆောင်လိုက်ပီး ခြံတံခါးရှေ့ကိုသာ တည့်တည့်မတ်မတ်ဘျှောက်လာလိုက်သည်။

ထိုအချိန် geminiရဲ့သူ့နာမယ်ကိုခေါ်လိုက်တာကြောင့် fourthရဲ့ခြေလှမ်းတေဟာ ရပ်တန့်သွားသည်။

''fourth''(gemini)

''ဗျာ..အကိုလေး။''(fourth)

fourthလည်း geminiဘက်လှည့်ကာ geminiရဲ့မျက်နှာကိုမကြည့်ဘဲ ပြန်ဖြေလိုက်သည်။

''မင်းဘယ်သွားမလို့လဲ။''(gemini)

''ကျနော် အပြင်သွားမလို့ပါ။အကိုလေးဘာမှာချင်လို့လဲဗျ။''(fourth)

''မင်းက ဘာသွားလုပ်မှာလဲ။''(gemini)

''ကျနော် ဝယ်ချင်တာလေးတေရှိလို့ပါ။''(fourth)

''ဘာသွားဝယ်မှာလဲ။''(gemini)

''အရုပ်..အရုပ်ပါ။''(fourth)

''ဟား..ဟားး''(luciyar)

ထိုရီသံက luciyarဆီက ထွက်လာတာပင်။

''မင်းက ကလေးလား။''(luciyar)

''မဟုတ်ပါဘူး။''(fourth)

''အဲ့တာဆို မင်းကဘာလုပ်မို့လဲ။''(gemini)

''ကျနော် မွေးနေ့လက်ဆောင်ပေးချင်လို့ပါ။''(fourth)

''ဘယ်သူ့ကိုလဲ။!!''(gemini)

geminiရုတ်တရက်ထအော်တာကြောင့် fourthရဲ့ကိုယ်လေးမှာတုန်တက်သွားသည်။

''သူ..သူငယ်ချင်းကိုပါ။''(fourth)

''မင်းကို ငါမပြောထားဘူးလား။သူငယ်ချင်းမထားနဲ့လို့!!''(gemini)

''...''

''ငါပြောထားလား။မပြောထားဘူးလား။''(gemini)

''ပြော..ပြောထား..ပါတယ်။''(fourth)

''ဘာလဲ ငါပြောထားတာကို အလေးမထားတာလား။ဟမ်!fourth!!''(gemini)

My Bad OwnerWhere stories live. Discover now