Paet(11)

589 55 14
                                    

fourthတယောက်မနက်ရောက်တော့ လှုပ်ရွလှုပ်ရွလေးဖြင့်နှိုးလာတော့သည်။မျက်လုံးလေးဖွင့်လိုက်တဲ့အချိန် ဘေးနားကနေကာ ကြည့်နေတဲ့ satangကို တွေ့လိုက်ရသည်။သူမနေ့ကအကြောင်းပြန်တွေးမိတော့ fourthတယောက်ရှက်မိသွားသည်။သူတော်တော် p'satangရဲ့ရှေ့မှာငိုခဲ့သည်မလား။ရှက်လိုက်တာ!!

fourthလည်း သူ့ကိုကြည့်နေတဲ့ p'satangကိုစကားစပြောလိုက်သည်။

''p'satang မနေ့ကလေ။''(fourth)

''ကိုယ်သိတယ်။''(satang)

''မသိချင်ယောင်ဆောင်ပေးပါ။''(fourth)

''ဟုတ်ပါပီ။''(satang)

''ဟီး..ဟုတ်။''(fourth)

ဟီးကနဲ ရီပြလာတဲ့ကောင်ငယ်လေးကို satangတယောက်အသည်းယားလို့မဆုံး။

**ဘယ်လိုတောင်လဲကလေးရယ်။ချစ်လိုက်ရတာ။**satang

''p'satang''(fourth)

fourthရဲ့ခေါ်သံလေးကြောင့်လက်ရှိအချိန်တေကို ပြန်ရောက်လာခဲ့တော့သည်။

''ပြောလေ fotfot''(satang)

''ကျနော် အိမ်ပြန်တော့မယ်ဗျ။''(fourth)

fourthရဲ့အိမ်ပြန်တော့မယ်ဆိုတဲ့စကားကြောင့် satangတယောက် ဝမ်းနဲမိသွားသည်။သူ ဒီကလေးကို ပြန်မလွှတ်နိုင်တော့ပေ။သူထိုကောင်ငယ်လေးကို စိတ်ပူသည်။

အဲ့တာကြောင့်အရဲစွန့်ကာfourthအားဖွင့်ပြောလိုက်သည်။

''fot''(satang)

''ဗျာ''(fourth)

''ကိုယ်တခုပြောမယ်နော်။''(satang)

''ဟုတ်ပြောပါဗျ''(fourth)

''ကိုယ်မင်းကို ချစ်တယ်။''(satang)

''ဗျာ!''(fourth)

fourthလည်းအံ့သြမိသွားသည်။ဘာမှတောင်မပြောနိုင်လောက်အောင်ပင် ဖြစ်သွားရသည်။

''ဟုတယ်။ကိုယ်မင်းကို ချစ်တယ်။အဲ့တာကြောင့် ကိုယ့်ကို လက်ခံပေးပါ။ကိုယ်မင်းကို ဂရုစိုက်ပေးပါ့မယ်။''(satang)

''ဒါပေမဲ့။''(fourth)

''ခုချက်ချင်းကြီး အဖြေပြန်ပေးစရာမလိုပါဘူး။ကိုယ်စောင့်နိုင်ပါတယ်။''(satang)

''ဒါပေမဲ့ ကျနော်။''(fourth)

''ကိုယ်သိတယ် ကလေးပြောချင်တာကို ။ဒါပေမဲ့ ကိုယ်က အကုန်လက်ခံနိုင်တယ်။ကလေးသာဖစ်မယ်ဆိုရင်ပေါ့။''(satang)

My Bad OwnerWhere stories live. Discover now