Part(6)

427 50 29
                                    

မနက်ခင်းရဲ့နေရောင်ခြည်ဖျော့ဖျော့လေးက fourthရဲ့မျက်နှာပေါ်ဖြာကျနေတာကြောင့် fourthကို နှိုးထဖို့အတွက်နှိုးဆော်နေသလိုပင်ဖြစ်နေသည်။fourthလည်းမျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်နေကျမဟုတ်တဲ့မျက်နှာကြက်ကြောင့် သူgeminiရဲ့အခန်းထဲမှာဘဲရှိနေသေးသည်က်ု သိလိုက်ရသည်။

fourthတယောက်မနေ့ကအကြောင်းတေတွေးရင်းကြည်နူးနေမိသည်။ထိုကြည်နူးမှုတေက ကြာရှည်မခံလိုက်ပါဘူး။အိမ်အောက်ထပ်က''daddy''ဆိုတဲ့ အော်ခေါ်သံကြောင့် fourthရဲ့ ရင်ထဲဝမ်းနည်းမှုလိုင်းတေဖြတ်သွားတော့သည်။

**အင်းဘာတေတွေးနေတာလဲ Fourth Nattawatရာ!!gemက မင်းကိုသနားလို့ပါ။သူချစ်တာက မမလေးluciyar မင်းမဟုတ်ဘူးဟ။သူက မင်းကို တနေ့နေ့ချစ်လာမယ်လို့ ထင်နေသေးရင် မင်းက ရူးနေလို့ဘဲ**fourth

fourthလည်း သူ့ကိုယ်သူသတိပြန်ပေးကာ ကိုယ့်အခန်းကိုပြန်ရန်သာဆုံးဖြတ်လိုက်သည်။fourthမှတ်မိပါသေးတယ်။geminiက သူ့အခန်းကို သူ့ခွင့်ပြုချက်မရှိဘဲ ဝင်လို့ဆိုပီး fourthအားရိုက်ခဲ့သည်ကို fourthမှတ်မိသည်။အဲ့တာကြောင့် geminiရဲ့ခွင့်ပြုချက်မရရင် သူ့အခန်းရှေ့ကိုတောင် fourthမဖြတ်လျှောက်ရဲပေ။

Fourthက geminiကို ချစ်လည်းချစ်သလို ကြောက်လည်းအလွန်ကြောက်မိသည်။geminiပေးတဲ့ဒဏ်ရာတေက fourthကို နာကျင်စေပေမဲ့ အဲ့နာကျင်မှုတေထဲမှာဘဲ fourthတယောက်ပျော်မွေ့နေမိသည်။ချစ်ရတဲ့သူကပေးတဲ့ နာကျင်မှု၊ဒဏ်ရာတေဆိုတော့လည်း fourthက ပျော်ပျော်ရွှင်ရွှင်နဲ့ပင်အဲ့နာကျင်မှုကို ကျေကျေနပ်နပ်ကြီးလက်ခံမိသည်။ထားပါတော့လေ။

fourthလည်းသက်ပြင်းတစ်ချက်ချကာ အိမ်အောက်ထပ်က သူ့အခန်းကိုပြန်ရန် အပေါ်ထပ်ကနေဆင်းလာလိုက်သည်။အိမ်အောက်ထပ်မှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် fourthရဲ့နှလုံးသားတစ်စုံလုံးဟာ နာကျင်မှုကိုခံစားလိုက်ရသည်။sofaပေါ်မှာထိုင်နေတဲ့ geminiရဲ့ပေါင်ပေါ်မှာ luciyarကထိုင်ထားကာ geminiအား မထိတထိကျီစယ်နေလေသည်။luciyarရဲ့လက်တေက geminiရဲ့ပုခုံးပေါ်တင်ထားပြီး geminiရဲ့လက်တစုံဟာလည်း luciyarရဲ့ခါးကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

**မင်းပျော်ရင် ငါပျော်ပါတယ်gem။ငါနာကျင်ပေမဲ့လည်း မင်းအတွက်ငါဟန်ဆောင်ပီး ပြုံးပေးပါမယ်။**fourth

My Bad OwnerWhere stories live. Discover now