Part(4)

405 50 20
                                    

fourthတယောက်နှိုးလာတော့ မြင်ဖူးနေကျမဟုတ်တဲ့အခန်းတခုထဲ သူရောက်နေတယ်။fourthတယောက်အရိုက်ခံရပီးနောက် ဘာတေဆက်ဖြစ်လဲသူမသိတော့ပေ။သူသိတာ တခုကတော့ geminiကတော့ သူ့ကို ဂရုစိုက်ထားမည်မဟုတ်ပေ။fourthတယောက် gemini အကြောင်းတွေးလိုက်မိတာနဲ့တင် နှလုံးသားတခုလုံး နာကျင်နေသည်။

**gemရယ် ငါ့ကို မင်းချစ်လာဖို့မလိုပါဘူး။ဒီတိုင်းလေး ငါချစ်နေတာကို အသိအမှတ်ပြုပေးရင် သိပ်ကောင်းမှာဘဲ။**fourth

ထိုအချိန် တံခါးဖွင့်သံကြောင့် fourthတယောက်အတွေးတေထဲမှ လက်ရှိသို့ပြန်ရောက်လာခဲ့သည်။fourthလည်းတံခါးဖွင့်သံကြောင့်လှည့်ကြည့်လိုက်ရာ တွေ့လိုက်ရတဲ့လူကြောင့် အံ့သြမိသွားသည်။P'satang!!အခန်းထဲဝင်လာတဲ့သူက p'satang!!

**p'က ဘယ်လိုရောက်နေတာလဲ။ခုငါက p'satangရဲ့အိမ်မှာလား။**fourth

အတွေးတေနဲ့ဗျာများနေတုံး လာဖက်တဲ့p'satangကြောင့်ပိုလို့ပင် အံ့သြရပြန်သေးသည်။

''fotfot အဆင်ပြေရဲ့လား။အရမ်းနာနေသေးလား။ဘယ်လိုခံစားရသေးလဲ။နာတာ သက်သာလား။''(satang)

fourthကတော့ သူ့ကိုမေးခွန်းတေဆက်တိုက်မေးနေတဲ့ satangကိုသာ ဘာမှပြန်မဖြေနိုင်ဘဲ စွံအနေမိသည်။ခေါင်းထဲ၌လည်း အတွေးပေါင်းစုံနဲ့။

တကယ်တော့ satangတယောက် fourthကိုအရမ်းစိတ်ပူနေခဲ့တာ

________\_______\_______\___

Flash back\\

အဲ့နေ့!!အဲ့နေ့က fourthကို အိမ်တော်ကိုပြန်ပို့ပီးနောက် တိုက်ခန်းကိုပြန်လာတဲ့တလျှောက်လုံးစိတ်ထဲက လေးလံနေတာကြောင့် fourthအားပြန်သွားတွေ့ရန် ဆုံးဖြတ်လိုက်ပီး ကားကို အိမ်တော်ဘက်သို့ပြန်လှည့်လာခဲ့သည်။

အိမ်တော်ရှေ့ရောက်တဲ့အခါမှာ ထူးဆန်းစွာနဲ့လူသူကင်းမဲ့ကာ တိတ်ဆိတ်နေခဲ့သည်။ထိုအချိန်geminiတယောက်အိမ်ထဲက ထွက်လာတာကို satangကားထဲကနေလှမ်းမြင်လိုက်ရသည်။geminiရဲ့ဖော်ပြလို့မရတဲ့အပြုံးကိုတော့ satangမြင်ဖြစ်အောင်မြင်လိုက်ရသည်။ဒီအပြုံးတေက satangကို ကြောက်လန့်စေနိုင်သည်။ဘာလို့လဲဆိုတော့ satangသာလျှင်geminiအကြောင်းအသိဆုံး။ငယ်ငယ်ကတည်းကgeminiက အပြုံးအရီနည်းပါးသည်။သူပြုံးတဲ့အချိန်ဆို တချိန်ဘဲရှိတယ်။အဲ့အချိန်က geminiတခုခုကို ဆိုးဆိုးရွားရွားထားတဲ့အချိန်၌ပင်။

My Bad OwnerWhere stories live. Discover now