အမှန်တကယ်ပဲ ဂျော်ဂျီက သူ့ကိုမသိနေခဲ့ပါဟု တွေးမိပါသော်လည်း ဂျော်ဂျီ ၏ဖြူစင်စွာ သတိမေ့မှုလေးကို စစ်မှန်စွာ မြတ်နိုးမိပါ၏
*5 YEARS AGO
"မပြေးသင့်ဘူးနော်…ဂျော်ဂျီ မမ ပြောနေတယ်လေ မပြေးနဲ့လို့"
"မမက လိုက်ဖမ်းနေတော့ ကျွန်တော်က ပြေးမှာပေါ့…"
ဂျော်ဂျီ နင့် မွန်း တို့ ပြေးလွှားနေအခိုက်တွင် လီယိုရောက်လာ၏ မွန်း နှင့် လာတွေ့သော်လည်း မွန်းထက် အရောင်အဝါ တောက်နေသော ကလေးငယ် ကိုသာ မြင်မိပါ၏ ဖြူစင်သည့် အနှီလူသားလေး ကို မြင်မြင်ချင်း သဘောကျမိပါ၏
"ဟေး…မွန်း"
"ဟာ…ဖာဒီနန် အကြောင်းလဲမကြား ဘာလဲမကြား …"
"အံ့ဩသွားတာလား မွန်း"
"Sure…"
မွန်းအနောက်တွင် ကွယ်နေသော ကြောက်လျက်ရှိသော ကောင်ကလေးကို သတိထားမိသွားရာ
"ဟေး…ဘာလို့ကွယ်နေတာလဲ "
"ကြောက်…ကြောက်လို့ပါ "
"မကြောက်ပါနဲ့…ဦးက မင်းမမမွန်းရဲ့ သူငယ်ချင်းပါ"
"ဟုတ်…ဟုတ် ဦး "
" မွန်း…အဲ့ကလေးက…"
"အိမ်တော်ထိန်းကြီးရဲ့သားလေးလေ…"
ထိုစကားကြောင့် ညှိုးငယ်သွားသော မျက်နှာလေးကို လီယို သတိထားမိသွားသည်
"ဟေ့…မင်းကို မနှိမ်ပါဘူးကွာ…မျက်နှာလေးပြုံးထားပါကွ…"
"အွန်း ဦးလေးကြီး……"
"လိမ္မာတယ်ကွာ……"
ဂျော်ဂျီနှင့် စကားပြောပြီး မွန်းက ဆွဲခေါ်သွား၏ မွန်းမသင်္ကာပေ ထို့အပြင် မွန်း စိတ်ပူသည် ဂျော်ဂျီ နှင့် ဖာဒီနန် ကြားထဲတွင် သံယောဇဉ် မတွယ်စေချင်ပေ အဝေးတစ်နေရာ အရောက်တွင်
"ဖာဒီနန်…နင့်မျက်လုံးတွေ မရိုးသားဘူး"
"မွန်း-မာဂရီတာ မင်းနဲ့ ငါက ဘာတွေလဲ"
"သူငယ်ချင်း…သူငယ်ချင်း "
"မှတ်ထားနော်……သဝန်အရမ်းတိုမနေနဲ့ မွန်း"
VOUS LISEZ
အချစ်ကမ္ဘာစစ်
Roman Historiqueနာဇီစစ်သားတစ်ယောက်နဲ့ ဂျူးကောင်လေးတစ်ယောက်အကြောင်းကို ရေးသားသွားမှာဖြစ်ပါတယ် အကယ်၍အမှားပါခဲ့ရင်လဲ ခွင့်လွှတ်ပေးကြပါ ကျွန်တော်ရဲ့ ပထမဆုံးဇာတ်လမ်းလေးမို့ပါ